အစ္စရေး-ဂါဇာနယ်စပ်တွင် ပါလက်စတိုင်းစစ်သွေးကြွဟားမတ်စ်တို့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ဂီတပွဲတော် တက်ရောက်နေသော အပြစ်မဲ့ အရပ်သား တို့၏ ရုပ်အလောင်း ၂၆၀ ခန့်ကို တွေ့ရှိခဲ့ရကြောင်း ကယ်ဆယ် ရေး အဖွဲ့က ပြောကြားသည်။
အောက်တိုဘာလ ၇ ရက်နေ့ ဟားမတ်စ်တို့၏ တိုက်ခိုက်မှုကြောင့် အလောင်း ၂၆၀ ထက်မနည်းကို အစ္စရေး ဂီတပွဲတော်ကျင်းပရာနေရာမှာ ရှာဖွေတွေ့ရှိခဲ့ကြောင်း အစ္စရေးကယ်ဆယ်ရေးဝန်ဆောင်မှု Zakaက ပြောကြားခဲ့သည်။
အမေရိကန်၊ ဥရောပ သမဂ္ဂနှင့် အစ္စရေးတို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် ထားသော ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့က စနေနေ့မှစတင်၍ ဒုံးကျည် ၅၀၀၀ ခန့် ပစ်ခတ်တိုက်ခိုက်ပြီး မြေပြင်တွင်လည်း ရာပေါင်းများစွာသော ဟားမတ်စ် တိုက်ခိုက်ရေးသမားများက အစ္စရေးနိုင်ငံထဲသို့ ဝင်ရောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ အပြစ်မဲ့ပြည်သူ အများအပြားကိုလည်း ဖမ်းဆီးထားခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် အမေရိကန်နိုင်ငံသား ၄ ဦးလည်း တိုက်ခိုက်မှုများတွင် သေဆုံးခဲ့ပြီး အရပ်သားသေဆုံးမှု အရေအတွက် ဆက်လက်မြင့်တက်ဖွယ်ရှိနေ ကြောင်း သိရှိရသည်။