၇၊ ဒီဇင်ဘာ ၂၀၂၂
နမ့်ဆန်မြို့နယ်ထဲက TNLA ဌာနချုပ် တည်ရှိရာနေရာကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် နေတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေရော နမ့်ဆန်ရှိ စစ်တပ်ကုန်းကနေပါ လက်နက်ကြီးတွေ ပစ်ကူပေးနေပါတယ်။
“တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်းပဲ။ အသံမျိုးစုံကို ထွက်နေတယ်။ ဖြစ်တာကတော့ ဟူးမန်းနဲ့ ရဝ်ဘြာန်း (ကုန်းသာ)ရွာကြားထဲမှာ ဖြစ်နေတာ” လို့ TNLA အရာရှိတစ်ဦးက ဆိုထားပါတယ်။
စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေဟာ ကျေးရွာအနီးတစ်ဝိုက်တွေမှာ ကျရောက် ပေါက်ကွဲခဲ့တယ်ဆိုပေမယ့် အသေးစိတ် မသိရသေးပါဘူး။
TNLA တပ်စခန်းရှိတဲ့နေရာကို ရဟတ်ယာဥ် ၆ စီးနဲ့ လူအင်အား ရာနဲ့ချီ လာချခဲ့ပြီးနောက် တိုက်ပွဲတွေ အပြင်းအထန်စဖြစ်နေတာ ဖြစ်ပါတယ်။