အာဏာသိမ်းစစ်ကောင်စီ နှင့် KIA +PDF ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲထပ်မံဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီ နှင့် KIA +PDF ပူးပေါင်းစစ်ကြောင်းတို့ မကြာခဏတိုက်ပွဲဖြစ်တယ့် အတွက်ကြောင့် ကျေးရွာခံများ ထွက်ပြေးတိမ်းရှောင်နေရ ။


ပြီးခဲ့တယ့် 25/27/28 ရက် ဩဂုတ်လ အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ဟင်ပုတ်ကျေးရွာအုပ်စု တွင် အာဏာသိမ်းစစ်ကောင်စီ နှင့် KIA +PDF ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲထပ်မံဖြစ်တဲ့ကြောင့် ကျေးရွာခံများ ဘော်တွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရှိရပါတယ်။

Photo credit.


စစ်ဘေးရှောင်ပြည်သူတစ်ဉီးရဲ့ ပြောကြားချက်အရ “ တိုက်ပွဲစဖြစ်တာကတော့ 25 ရက်ကတည်းကစဖြစ်တာ ၊ 27 ရက်နေ့မှာတော့တိုက်ပွဲက ပြင်းထန်လာတယ် ၊ တိုက်ပွဲဖြစ်ပွားတဲ့ နေရာက ဘော်တွင်းကိုရေဖြန့်ပေးတဲ့ ဆည်ကြီးကန်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ကို KIA + PDF ပူးပေါင်းကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရတယ်ဗျ၊ တိုက်ပွဲဖြစ်ပွားချိန်ကတော့ မနက် ၆ နာရီ ၄၅ မိနစ် ကနေ ၁၀ နာရီ ၃၀ မိနစ်ထိ တိုက်ပွဲဖြစ်တယ်၊ တိုက်ပွဲဖြစ်ပွားနေချိန် ၈ နာရီခွဲလောက်မှာတော့ နမ္မတူမြို့ အခြေစိုက် ခမရ (၃၂၄) တပ်ကနေ လက်နက်ကြီး ၁၁ ချက် ပစ်ခတ်သံကြားခဲ့တယ်ဗျ၊ သူတို့တပ်ကို ပစ်ကူတယ်လို့တော့ ထင်တာပဲ၊ စစ်တပ်ဘက်ကလည်း အဲ့လမ်းအသွားအလာကို ခဏတောင် ပိတ်ထားတယ် တယ်လို့ကြားရတယ် ” ဟု ဆိုပါတယ်။

Photo Credit.


ဆက်လက်၍ – “ 28 ရက် မနက်ပိုင်း ကျွန်တော်တို့ရွာနားမှာတိုက်ပွဲက ပြန်စဖြစ်တယ် ၊ KIA + PDFတို့စစ်ကြောင်းက ကျွန်တော်တို့ ရွာ နဲ့ နမ့်လှ ရွာနားပတ်ဝန်းကျင်တစ်ဝိုက်မှာရှိတော့ ကျွန်တော်တို့လည်း စစ်တပ်က လက်နက်ကြီးပစ်ခဲ့ရင် ထိမှာစိုးရိမ်တော့ တိုက်ပွဲငြိမ်သွားတုံး ညနေပိုင်း 3 နာရီလောက်မှာ ကျွန်တော်တို့လည်း ရှောင်ခဲ့ကြတာပဲ ၊ ရှောင်လာတာကတော့ နှစ်ရွာပါပဲ လွယ်မြေကျေးရွာ ၊ နမ့်လှကျေးရွာ ။ကျွန်တော်တို့ အခုက ဘော်တွင်း က အလုပ်သမားလိုင်းခန်းတွေမှာ လာရောက်တိမ်းရှောင်နေပါတယ် ၊ ကျွန်တော်တို့ ရဲ့ အစားအသောက်ပိုင်းကို ဘော်တွင်းမှာ ရှိတဲ့ နှစ်ခြင်းအသင်းက လာရောက်ကူညီပါတယ် ’’ ဟု ဆက်လက်သိရှိရသည်။


24.08.2022 တုန်းကလည်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( MPDF ) နဲ့ စစ်ကောင်စီတပ် အမှတ် ( ၅၀၃ ) တို့ နောင်ချိုမြို့နယ် လုံခန်ကျေးရွာ အနီးမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီဘက်မှ လေကြောင်းအကူအညီနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရှိရပါသည်။

Latest articles

spot_imgspot_img

Related articles

Leave a reply

Please enter your comment!
Please enter your name here

spot_imgspot_img