Uncategorized

မိုးမိတ်မြို့နယ်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွား

၁၀၊ ဒီဇင်ဘာလ ၊ ၂၀၂၂ ခုနှစ် ဒီကနေ့ မနက်ပိုင်း ၅ နာရီဝန်းကျင်ခန့်က ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ် အုံးကျောကျေးရွာအုပ်စု ညောင်နီရွာ လမ်းမကြီးဘေးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှု ဖြစ်စဉ်မှာ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကတော့ အခုထိ လက်သည်မပေါ်သေးဘူး လို့ ဒေသခံတွေက ဆိုပါတယ်။ ပေါက်ကွဲမူ့ဖြစ်ပြီးသည့်နောက်...

စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး အပစ်ရပ် EAO ၇ ဖွဲ့ကြိုးပမ်း

ဧရာဝတီ၊ ဒီဇင်ဘာ ၈၊ ၂၀၂၂ အာဏာသိမ်းစစ်ကောင်စီနှင့် အလွတ်သဘောတွေ့ဆုံဆွေးခွင့်ရရန် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထား သည့် EAO ၇ ဖွဲ့က ကြိုးပမ်းနေကြောင်း အဆိုပါ EAO များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံက သိရသည်။ အဆိုပါ EAO...

နမ့်ဆန်မှာ TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်း ထန်

၇၊ ဒီဇင်ဘာ ၂၀၂၂ နမ့်ဆန်မြို့နယ်ထဲက TNLA ဌာနချုပ် တည်ရှိရာနေရာကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် နေတယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေရော နမ့်ဆန်ရှိ စစ်တပ်ကုန်းကနေပါ လက်နက်ကြီးတွေ ပစ်ကူပေးနေပါတယ်။ "တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်းပဲ။ အသံမျိုးစုံကို ထွက်နေတယ်။ ဖြစ်တာကတော့ ဟူးမန်းနဲ့ ရဝ်ဘြာန်း (ကုန်းသာ)ရွာကြားထဲမှာ...

မိုးမိတ်မှာ စစ်ကောင်စီ နဲ့ KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ထိခိုက်မူ့များ

ရှမ်းမြောက် မိုးမိတ်မြို့နယ်မှာ ဒီဇင်ဘာ ၆ ရက်နေ့က စစ်ကောင်စီတပ် နဲ့ KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါတိုက်ပွဲဖြစ်ပွားတဲ့နေရာက မိုးမိတ်မြို့နယ် မိုင်းလေကျေးရွာအုပ်စု မှာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအရှုံးများပြီး ဒဏ်ရာရရှိတဲ့လူနာ အယောက် ၈၀ ဝန်းကျင်ခန့်ကို...

ကျိုက်မရော၊ ချောင်းနှစ်ခွ ရဲစခန်းနှင့် တံတားဂိတ်ကို KNLA နှင့်PDF ပူးပေါင်းတပ်များ သိမ်းပိုက်ပြီး မီးရှို့

ရှင်းလင်းနိုဝင်ဘာ ၁၂မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရှိ ရဲစခန်းနှင့် တံတားလုံခြုံရေးဂိတ်ကိုKNLA နှင့်PDF ပူးပေါင်းတပ်များက ယနေ့ နံနက်ပိုင်း တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စခန်းနှင့် ဂိတ်ကို မီးရှို့ရှင်းလင်း လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၅နာရီ ၃၀ မိနစ်အချိန်မှ...

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် နားအော်လေးရွာ မှ အမျိုးသမီးတစ်ဉီး  ၂လအကြာခန့် ပျောက်ဆုံးနေပြီး အဆက်သွယ်မရရှိသေး

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် နားအော်ကျေးရွာအုပ်စု နားအော်လေးရွာတွင် နေထိုင်သူ အမျိုးသမီး  လွေးအမ်ဆွယ်သည်  ၂လအကြာခန့် ပျောက်ဆုံးနေပြီး ယခုချိန်ထိ အဆက်သွယ်မရရှိသေးကြောင်းသိရှိရသည်။ ပျောက်ဆုံးနေသော အမျိုးသမီးသည် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ရက်က မန္တလေး မှ လားရှိုးသို့ ပြန်လာခဲ့ပြီးနောက် လားရှိုးမြို့ရှိ တည်းခိုခန်း တစ်ခုတွင်တည်းခိုခဲ့ပြီး အဆက်သွယ်ပြတ်တောက်ခဲ့သည်ဟု သိရှိရသည်။ မြန်မာနိုင်ငံ...

စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် ကွက်ခိုင်မြို့  ကျမ်းစာသင်ကျောင်းထဲကျရောက်ပြီး ၄ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောင်ပိုင်း ကွက်ခိုင်မြို့တွင် စစ်ကောင်စီ ဗျူဟာကုန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် ကချင်နှစ်ခြင်း ကျမ်းစာသင်ကျောင်းဝင်းထဲသို့ကျရောက်ခဲ့သောကြောင့် ကျောင်းသား ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။ နိုဝင်ဘာလ ၃ရက်  ၂၀၂၂ ၊ ညပိုင်း ၈ နာရီခန့်တွင် စစ်ကောင်စီတပ် မှ လက်နက်ကြီး  ၃ ကြိမ် ပစ်ခတ်ခဲ့ပြီး  လက်နက်...

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးတွင် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဉီး၏ သားက မြေကွက်များကို အကွက်ရိုက်ပြီး တစ်ကွက် သိန်း ၆၅၀ ဖြင့်ရောင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးတွင် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဉီး၏ သားက မြေကွက်များကို အကွက်ရိုက်ပြီး တစ်ကွက် သိန်း ၆၅၀ ဖြင့်ရောင်း ရှမ်းပြည်နယ် ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦး၏သားဖြစ်သူ ဗိုလ်ကြီးဟောင်း ကျော်ဇေနိုင်က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် မြေကွက်များကို အကွက်ရိုက်ပြီး တစ်ကွက် ကို သိန်း ၆၅၀...

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့ တွင် လက်နက်ကိုင်အဖွဲ့အစည်းအမည်အလွဲသုံးစွဲ၍ ငွေကြေးလိမ်လည်မှုဖြစ်ပွား

ယမနေ့  ၁ . ၁၁ . ၂၀၂၂ နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် အမည်မသိလူတစ်စုမှ KIO/KIA အဖွဲ့စည်းအမည်အလွဲသုံးစွဲ၍ စက်သုံးဆီ ပန့်ဆီဆိုင် နှင့် စတိုးဆိုင် တစ်ချို့ကို ဆက်ကြေးပေးသွင်းရန် ငွေကြေးလိမ်လည်မှုဖြစ်ပွားခဲ့သည်။ တန့်ယန်းမြို့ခံတစ်ဉီးက - “ မနေ့က မနက်ပိုင်း ၈...

Latest articles

spot_imgspot_img