သတင်း

ဖရူဆိုမြို့နယ်၊ ထီးသော်ကူးရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ၏ တပ်စခန်းကို ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရသည်။ ဩဂုတ်လ ၁၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်တွင် ဖရူဆိုမြို့နယ်၊ ထီးသော် ကူး ကျေးရွာအနီးရှိ...

မြန်မာနိုင်ငံတွင် လူ ခြောက်သောင်းကျော် ရေကြီးမှုဒဏ်ခံ ရတယ်လို့ ကုလပြော

ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ မွန်စတဲ့ ပြည်နယ်တွေအပါအဝင် တနင်္သာရီ၊ ပဲခူး၊ မကွေး၊ ရန်ကုန် တိုင်းဒေသကြီးတွေမှာပါ သြဂုတ်လ ပထမအပတ်အတွင်း မိုးများပြီး ရေကြီးခဲ့တာကြောင့် လူဦးရေ ၆ သောင်းကျော်အပေါ် ထိခိုက်မှုရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က ပြောပါတယ်။ ရေကြီးမှုအတွင်း လူ...

ရှမ်းပြည်တောင်ပိုင်းမှ Non CDM ဝန်ထမ်းတွေကို အရံပြည်သူ့စစ် ဖွဲ့စည်းဖို့ စစ်ကောင်စီမှ စာရင်းကောက်ယူနေ

စစ်ကောင်စီလက်အောက်ခံဖြစ်တဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဟာ အရံပြည်သူ့စစ်ဖွဲ့စည်းဖို့ ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ Non CDM ဝန်ထမ်းအင်အားကောက်ယူနေတယ်လို့ သိရပါတယ်။ “ဒီလ ၉ ရက်နေ့က စာထုတ်ပြီးညွှန်ကြားထားတာ။ ချက်ချင်းကြီးစစ်သင်တန်းတက်ရမယ်၊ စစ်တိုက်ရမယ်လို့ ဆိုလိုတာတော့မဟုတ်သေးဘူး စာရင်းဘဲပို့ခိုင်းသေးတာ အဲ့ထဲက ဘယ်အသက်အရွယ်ကနေ ဘယ်အသက်အရွယ်အထိ က စစ်သင်တန်းတက်ဖို့ ထပ်ခိုင်းမယ်။ လိုအပ်လာရင် စစ်တပ်ရဲ့ အရံအင်အားအဖြစ်...

အာဏာသိမ်းစစ်ကောင် နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး မူဆယ်မြို့နယ်လမ်း ဖျက်ဆီး

ယနေ့ သြဂုတ်လ ၁၅ ရက်နေ့ မှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်တောင်းရွာ နဲ့ ပန်ကြုံကျေးရွာ ကြားရှိ လမ်းမကို အာဏာသိမ်းစစ်ကောင်စီ တပ်မ ( ၉၉ )  ၊ နမ်းခမ်းမြို့မ ပြည်သူ့စစ် ၊ လုံထန်ပြည်သူ့စစ် တပ်ဖွဲ့တို့ ပူးပေါင်းပြီး...

မိုင်းနောင်-လဲချား ကားလမ်းမအား စစ်ကောင်စီက ပိတ်ဆို့မှုကြောင့် ပြည်သူတွေအတွက် ကူးသန်းသွားလာရေးခက်ခဲနေ

ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့ မှာ စတင်ဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ရဲ့ တိုက်ပွဲအပြီးမှာ မိုင်းနောင်-လဲချား ကားလမ်းမကို စစ်ကောင်စီက ရက်အတော်ကြာအောင် ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တာကြောင့် ပြည်သူတွေအတွက် ကူးသန်းသွားလာရေးအင်မတန် ခက်ခဲနေတယ်လို့ သိရပါတယ်။ မိုင်းရှူး-တောင်ကြီး ကားလမ်းမပေါ်မှာ ပုံမှန်ပြေးဆွဲနေတဲ့...

လားရှိုးမြို့နယ်မှာ စစ်ကောင်စီတပ်သားအချို့ အိမ်တိုင်းစေ့အိမ်တက်အိမ်ဆင်း စစ်ဆေးနေ

သြဂုတ်လ ၁၀ရက်နေ့က လားရှိုးမြို့နယ်၊ဟိုပိတ်အုပ်စု၊ နမ့်နွန်းရွာနဲ့ ကွန်ကိုင်းကျေးရွာတို့မှာ ဟိုပိတ်တစ်ဝိုက် သွားလာလှုပ်ရှားနေတဲ့စစ်ကောင်စီတပ်သားအချို့ဟာ ရွာထဲကအိမ်တွေကို အိမ်တိုင်းစေ့ တစ်အိမ်တက် တစ်အိမ်ဆင်းလိုက်လံ စစ်ဆေးနေတယ်လို့သိရပါတယ်။ “အိမ်ပေါ်ရောက်ရင် အိမ်ထောင်စုနဲ့ မှတ်ပုံတင်တွေတောင်းကြည့်တယ် အိမ်ထောင်စုစာရင်းထဲ မပါရင်ဖမ်းခေါ်သွားတယ် အိုက်ခမ်းလို့ခေါ်တဲ့ လူတစ်ယောက်ပါသွားတယ်လို့ကြားတယ် တစ်ချို့တွေက အိမ်ထောင်စုလုပ်ရတာ အလုပ်ရှုပ်လို့ မထည့်တာတွေရှိတယ်လေ ဒီနေ့ထိတော့ အိုက်ခမ်းအခြေအနေတော့...

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က စစ်ပွဲဆင်နွှဲရေး အသင့်ပြင်ထားဖို့ ညွှန်ကြား 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က စစ်တပ် ထိပ်တန်းဗိုလ်ချုပ်ကြီးကို ရာထူးမှထုတ်ပယ်ကာ စစ်ပွဲဆင်နွှဲရေး ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့၊ စစ်လက်နက်ထုတ်လုပ်မှု တိုးမြှင့်ဖို့နဲ့ စစ်ရေးလေ့ကျင့်မှုတွေ တိုး ချဲ့ဖို့ ညွှန်ကြားခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြပါတယ်။ယနေ့ပြုလုပ်တဲ့ အလုပ်သမားပါတီ ၈ ကြိမ်မြောက် ဗဟိုစစ်ဘက်ကော်မရှင်ရဲ့ အစည်းအဝေးမှာ ကင်ဂျုံ အန်က...

NCA အပစ်ရပ်စာချုပ်ကို လိုက်နာစရာ မရှိတော့ဘူး လို့ KNU ပြော

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လိုက်နာစရာ အကြောင်းမရှိတော့ဘူး လို့ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ပြောလိုက်ပါတယ်။ NCA ရဲ့ အခန်း (၁) အခြေခံမူကို စစ်တပ်က ဖျက်ဆီးလိုက်တဲ့အတွက် ဒီစာချုပ်ဟာ မရှိတော့ဘူးလို့ သူကပြောပါတယ်။‘’...

တန့်ယန်းမြို့နယ်တွင် အသက်၁၃ နှစ်အရွယ် ကလေးတစ်ငယ်တစ်ဦးပျောက်ဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့ အမှတ်( (၂) ရပ်ကွက်၊ အုပ်စု(၁၂) မှ အသက်၁၃နှစ်အရွယ် ကလေးတစ်ဦးပျောက်ဆုံး လျက်ရှိပါတယ်။ သြဂုတ်လ ၇ ရက်နေ့ ကတည်းကပျောက်ဆုံးနေတာဖြစ်ပြီး လက်ရှိအချိန်ထိ မည်သည့်သဲလွန်စမှ မသိရသေးဘူးလို့ဆိုပါတယ်။ ပျောက်ဆုံးသူကလေးအမည်မှာ အိုက်မိန်းဖြစ်ပြီး ဦးဆန်ကြတ်+ပါလူ တို့ရဲ့ သားဖြစ်တယ်လို့သိရပါတယ်။ သက်ဆိုင်ရာလူကြီးတွေစိတ်ပူနေတာကြောင့် ကလေးတွေ့ရှိပါက ထိန်းသိမ်းထားပေးပြီး အောက်ပါဖုန်းနံပါတ်တွေကိုဆက်သွယ်ပေးပါလို့လည်းတောင်းဆိုထားပါတယ်။

Latest articles

spot_imgspot_img