သတင်း

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် တို့ကို စစ်ကောင်စီ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်

စက်တင်ဘာ ၂၅ ရက်၊ ၂၀၂၃ အကြမ်းဖက်စစ်ကောင်စီက ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တို့ကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ပြီး စိုးထွဋ်ကို အစိုးရ အဖွဲ့ရုံး ဝန်ကြီးရာထူးမှ အနားပေးလိုက်ကြောင်း ယနေ့ ညပိုင်း စစ်ကောင်စီက တရားဝင် သတင်းထုတ်ပြန်ထားသည်။ ယနေ့ည ၈ နာရီ ထုတ်ပြန်သော...

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်TNLAမှ တပ်သားသစ်များစုဆောင်းမှုကြောင့် ဒေသခံတစ်ချို့

ဒေသစွန့်ခွာ စက်တင်ဘာ ၂၅ရက်၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ် ဆိုက်ခေါင်ကျေးရွာအုပ်စု ကုန်းဆာကျေးရွာမှာ TNLA တပ်ဖွဲ့မှ တပ်သားသစ် စုဆောင်းရေးအတွက် ရွာထဲက ပလောင်လူမျိုးတွေကို လာရောက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေကတဆင့်သိရပါတယ်။ လက်ရှိအချိန်မှာတော့ ရွာခံပလောင်လူမျိုးတွေအနေနဲ့ TNLAမှ ကျောင်းတက်နေတဲ့ ကလေးသူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်သွားမှာစိုးတာကြောင့် ကျောင်းသားမိဘတွေကတော့ ပိုင်ဆိုင်တဲ့ အိမ်၊ လယ်၊ မြေ တို့ကိုစွန့်ခွာပြီး...

KNU ရဲ့ တပ်မဟာ ၆ နယ်မြေအတွင်း လောင်းကစားပြုလုပ်သူတွေကို အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့တွင် KNU ကရင် အမျိုးသားအစည်းရုံး ဒူးပလာခရိုင် တပ်မဟာ ၆ နယ်မြေတစ်ဝက်မှာ လောင်းကစားလုပ်ငန်းပြုလုပ်သူတွေကို အရေးယူသွားမည်ဖြစ်ကြောင်း ကို KNU က အမိန့်ထုတ်ပြန်ထားပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှု နှင့် ဒေသတစ်ဝိုက် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် တရားဉပဒေ စိုးမိုးမှုအားနည်းနေခြင်းကို အခွင့်အရေးကောင်းကောင်းယူပြီး...

ရှမ်းပြည်တပ်မတော် SSPP/SSAနှင့် ပလောင်တပ်ဖွဲ့ TNLAတို့ ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွား

စက်တင်ဘာ ၂၃ရက်၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုကျေးရွာအုပ်စုအတွင်း သွားလာလှုပ်ရှားနေတဲ့ ပလောင်တပ်ဖွဲ့ TNLA စစ်ကြောင်းနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSAတို့ဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာ ပစ်ခတ်မှုတွေစတင်ဖြစ်ပွားခဲ့ပြီး ညနေပိုင်းအချိန်မှသာ သေနတ်သံတွေ ရပ်စဲ သွားခဲ့ပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် SSPP/SSAရဲ့ ထိန်းချုပ်မှုနယ်မြေဖြစ်တဲ့...

စစ်ကောင်စီနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်TNLAတို့ မူဆယ်မြို့နယ်အတွင်း တိုက်ပွဲ ထပ်မံဖြစ်ပွား

စက်တင်ဘာ ၁၇ရက်၊၂၀၂၃ အာဏာသိမ်းစစ်ကောင်စီနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAတို့ဟာ စက်တင်ဘာလ လဆန်းပိုင်းကနေ ယနေ့အချိန်ထိ စစ်ရေးတင်းမာမှုတွေနဲ့အတူ တိုက်ပွဲသံတွေပါ ကြားနေရတာဘဲ ဖြစ်ပါတယ်။ ယနေ့ စက်တင်ဘာလ ၁၇ရက်နေ့မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ခမ်းကျေး ရွာအုပ်စုမှာ စစ်ကောင်စီနဲ့ TNLAတို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်။ ဒီကနေ့ နံနက် ၇နာရီ ခွဲဝန်းကျင်ခန့်တွင် လူအင်အား၁၅၀...

ရေတလျောက်စခန်းသိမ်းတိုက်ပွဲမှာ KNU ဘက်က စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း အများအပြားသိမ်း ဆည်းရမိ

စက်တင်ဘာ ၁၆ရက်၊ ၂၀၂၃ ကရင်ပြည် - ထိုင်းနယ်စပ်ရှိ ဒူပလာခရိုင်၊ ကော့ကရိတ်မြို့နယ် ပိုင်ကလန်ကျေးရွာ အနီးတွင်တည်ရှိ သော စစ်ကောင်စီတပ်၏ ရေတလျောက်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်း ရမိခဲ့တယ်လို့ ယမနေ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ KNU ဗဟိုက ကြေငြာချက် ထုတ်ပြန်ထားပါတယ်။ အဆိုပါ...

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်း ရှရုားနိုင်ငံသို့သွားရောက်ရန် အထူးရထားဖြင့် ထွက်ခွာ

စက်တင်ဘာ ၁၃ရက်၊ ၂၀၂၃ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်ရန် အထူးရထားဖြင့် စက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် ပြုံယမ်းမှ ထွက်ခွာခဲ့ကြောင်း Voice of Korea အသံလွှင့်ဌာနက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ အဆိုပါခရီးစဉ်တွင် မြောက်ကိုရီးယား၏ အဆင့်မြင့် ပါတီ၊ အစိုးရနှင့် စစ်ဘက်အရာရှိများ လိုက်ပါကြမည်ဖြစ်ကြောင်း...

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လားရှိုးမြို့သို့ ရောက်ရှိပြီး မြို့အဝင်အထွက် စစ်ဆေးမှု တင်းကျပ်

စက်တင်ဘာ ၁၀ ရက်၊ ၂၀၂၃ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိနေတာကြောင့် မြို့အဝင်အထွက်တွေ စစ်ဆေးမှုတင်းကျပ်နေလို့ ဒေသခံတွေက အခက်ကြုံနေ ရပါတယ်။ စစ်ခေါင်းဆောင်က လားရှိုးမြို့သို့ စက်တင်ဘာ ၈ ရက် ညနေမှာ လေယာဉ်နဲ့ ရောက်ရှိလာတာဖြစ်ပြီး ရှမ်းမြောက်တစ်ခွင်ရှိ ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့...

နမ့်ဆန်မှာ အသက် ၇ နှစ်အရွယ် မိန်းခလေးငယ်တစ်ဦး မွှားကောင် ကိုက်ခံရပြီး သေဆုံး

စက်တင်ဘာ ၁၀ရက်၊ ၂၀၂၃ ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ထမ်မဆိုင်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မွှားကောင် ကိုက်ခံရပြီး တစ်လအကြာမှာ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မိန်းခလေးငယ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက မွှားကောင်ကိုက်ခံခဲ့ရလို့ အဖျားတက်လိုက်ကျလိုက်ဖြစ်ပြီး တစ်လအကြာမှာ သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ မွှားကောင်များသည် စိုက်ခင်းများ...

Latest articles

spot_imgspot_img