သတင်း

လားရှိုးမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ ပစ်ခတ်လိုက်သော လက်နက်ကြီး အမျိုးသမီးတစ်ဦး ပွဲခြင်းပြီးသေဆုံး

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့ ည ၁၁ ခွဲဝန်းကျင်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယန်းကျေးရွာအုပ်စု ဟိုနမ့်ကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီရဲ့ ရမ်းသမ်းပစ်ခဲ့မှုကြောင့် လူနေအိမ် ၂ လုံး ထိမှန်ကာ( အသက် ၅၀) အမျိုးသမိးတစ်ဦး ပွဲခြင်းပြီးသေဆုံးခဲ့ရပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ဒေသခံတစ်ဦးက...

စဉ့်အင်ကျေးရွာ အမျိုးသားတစ်ဦးကို အမည်မသိလူတစ်စု ဖမ်းဆီးခေါ်ဆောင်

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ - လားရှိုး ကားလမ်းမ ပေါ်ရှိ စဉ့်အင်ရွာသား စိုင်းစံမိန်းကို အမည်မသိလူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။အမျိုးတော်စပ်သူတစ်ဦးက - သူ့ကို ဘယ်သူဘယ်ဝါလည်းမသိဘူး ဒီရွာက ဒေါ်နုအိမ်မှာ ဘာမှမပြောမဆိုပဲ တုတ်ချည်သွားပြီး ကားနဲ့ခေါ်သွားတာ ၊...

သိန္နီမြို့နယ်မှာ KIA အခွန်ကောက်ခံသူ (၃) ဦးကို စစ်ကောင်စီပစ်သတ် ၊ လက်နက်အချို့ ဖမ်းဆီးရမိ

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် နမ့်စလပ်အုပ်စုမှာ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ အခွန်ကောက်ခံပေးသူ (၃) ဦးကို စစ်ကောင်စီဘက်က ပစ်သတ်လိုက်တယ်လို့ သတင်းရရှိထားသည်။ အောက်တိုဘာ ၁၈ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် နမ့်စလပ်ကျေးရွားအနီး၌ စစ်ကောင်စီ ဘက်က နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ စစ်ကောင်စီဘက်က နမ့်စလပ်ကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် ဖာတဲကျေး...

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည့်အင်းလေးဖောင်တော်ဦးဘုရားပွဲတွင် စည်တော်တီး ရာမှ စည်ပေါက်ထွက်

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသမှာ ကျင်းပတဲ့ ဖောင်တော်ဦးဘုရားပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးဖြစ်သူတို့ တက်ရောက်ခဲ့ပြီး အင်းလေးဖောင်တော်ဦး ဘုရားပွဲတွင် စည်တော်တီး ရာမှ စည်ပေါက်ထွက်ခဲ့တယ်လို့ ဒေသခံများထံမှ သိရှိရပါတယ်။ အောက်တိုဘာ ၂၁ ရက်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်ဇနီးတို့ ဖောင် တော်ဦးဘုရားပွဲတက်ရောက်ခဲ့ပြီး အောက်တိုဘာ ၁၉ရက်မှာ အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ...

မိုင်းယော်တိုက်နယ်ထဲတွင် အာဏာသိမ်းစစ်ကောင် နှင့် TNLA + MNDAA တို့စစ်ရေးတင်းမာနေ

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းယော်တိုက်နယ် ဝမ်ကတ်ကျေးရွာ ၊ မိုင်းကြတ်ကျေးရွာ တို့တွင် အာဏာသိမ်းစစ်ကောင်စီ နှင့် တအောင်းတပ်မတော် TNLA + ကိုးကန့်တပ်မတော် MNDAA တို့ စစ်ရေးတင်းမာနေလို့ ဒေသခံပြည်သူတွေ လုံခြုံရေးစိုးရိမ်နေရကြောင်းသိရပါတယ်။ဒေသခံတစ်ဦးက - “ ဝမ်ကတ်ကျေးရွာ ၊ မိုင်းကြတ်ကျေးရွာ အနီးတစ်ဝိုက်မှာ ဒီရက်ပိုင်းအတွင်းမှာပဲ...

လားရှိုးမြို့တွင်း ရပ်ကွက်တစ်ချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်တွင်းရှိ ယာဉ်အရေအတွက် လိုက်လံကောက်ခံနေ

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အတွင်း ရပ်ကွက်တစ်ချို့တွေမှာ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်အတွင်းမှာရှိတဲ့ ယာဉ်အရေအတွက်တွေကို လိုက်လံကောက် ခံနေတယ်လို့ သိရပါတယ်။ လားရှိုးမြို့ ရပ်ကွက်(၁၀) မှာ ယာဉ်ထိန်းရဲတွေက ရပ်ကွက်အတွင်းရှိ နေအိမ်တွေကို တစ်အိမ်တက်တစ် အိမ်ဆင်းပြီး အိမ်တစ်အိမ်မှာ ကား၊ ဆိုင်ကယ် အစီးရေဘယ်လောက်ရှိလဲဆိုတာတွေကို လိုက်မေးနေတယ်လို့ ဒေသခံတစ်ဦးက ပြောလာပါတယ်။ “...

အာဏာသိမ်းစစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA + MNDAA ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်သိမ်းပိုက်

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ မှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းရှိ မိုင်းယ နှင့် မုံးပေါ် ကြားရှိ အာဏာသိမ်းစစ်ကောင်စီရဲ့ ဝိန်းလတောင်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ပူးပေါင်းစစ်ကြောင်း ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။‘’ KIA နဲ့...

ကျောက်မဲမှတောင်ကျရေအား နတ်ဆေးရေဟုဆိုကာ အလုအယက်ရေသွားချိုးသူများထဲမှ အမျိုးသမီးတစ်ဦး ကျောက်တုံးပေါ်မှ ပြုတ်ကျသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ နတ်ဆေး‌ရေဆိုပြီး နာမည်ကြီးနေတဲ့ တောင်ကျချောင်းရေကို အလုအယက်သွားချိုးနေကြတာကြောင့် အမျိုးသမီးတစ်ဦး ကျောက်တုံးပေါ်မှ ပြုတ်ကျသေဆုံးခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။  ကျောက်မဲမြို့နယ်၊ ကျောက်မဲ - မိုင်းငေါ့လမ်း နမ့်မန်းရွာအနီးမှာရှိတဲ့ တောင်ကျရေတစ်ခုကို နတ်ရေစင် ဟုဆိုကာ လူအများသွားရောက်စု‌ဝေးပြီး ရေချိုးလျက်ရှိကြပါတယ်။ အဆိုပါ တောင်ကျရေမှာ ရေလာချိုးသူတွေနဲ့ ပြည့်နှက်နေပြီး...

မူဆယ်မြို့တွင် ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် ( BPLA ) နာမည်ခံပြီး ငွေကြေးလိမ်လည် ကောက်ခံနေ

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ် - မြန်မာ နယ်စပ်ဒေသ မူဆယ်မြို့တွင် ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် ( BPLA ) နာမည်ခံပြီး အခွန်ဆောင်ခိုင်းခြင်းဖြင့် ငွေကြေးလိမ်လည် ကောက်ခံနေကြောင်း သိရပါတယ်။ ထို ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် ( BPLA ) နာမည်ခံပြီး  မူဆယ်မြို့အတွင်းရှိ  စီးပွားရေးလုပ်ငန်းရှင်များထံ...

Latest articles

spot_imgspot_img