သတင်း

ကွတ်ခိုင်မှာ စစ်ကောင်စီက အကြောင်းမဲ့လေကြောင်းပစ်ခတ်လို့ ကတုတ်ကျင်း ပိမိပြီး သားအမိ ၂ ဦး သေဆုံးခဲ့

နိုဝင်ဘာ ၃ ရက်၊ ၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာဒေသတွင်း တိုက်ပွဲ ဖြစ်ပွားတာတွေ မရှိဘဲ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့ပြီး ကာလိုင်ရွာ အနီး တောင်ကြောကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာက ရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။  ကွတ်ခိုင်မြို့နယ်မှာ ‌နိုဝင်ဘာ ၂ ရက်နေ့က လက်နက်ကြီး...

ပြင်ဦးလွင်ကနေ ရှမ်းမြောက်ဘက်ကို စစ်ကူလာတဲ့စစ်ကောင်စီယာဉ်တန်းကို မန္တလေး PDF နဲ့ TNLA တို့က ကြားဖြတ်တိုက်ခိုက်

နိုဝင်ဘာ ၂ ရက်၊ ၂၀၂၃ ပြင်ဦးလွင်နဲ့ နောင်ချိုကြားမှာ စစ်ကောင်စီတပ်နဲ့ မန္တလေး PDF – TNLA တို့ တိုက်ပွဲခဲ့ပြီး စစ်ကောင်စီက လေယာဉ်နဲ့ပါ ပစ်ကူနေရတယ်လို့ ဒေသခံများထံမှ သိရှိရပါတယ်။ ယနေ့နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်း ၄ နာရီလောက်မှာ ပြင်ဦးလွင်ကနေ ရှမ်းမြောက်ဘက်ကို...

“ဝ” တပ်ဖွဲ့က ဘက်မလိုက်သည့်မူကို ကိုင်စွဲပြီး ပြည်သူကို အကာအကွယ်ပေးမည်ဟုဆို

နိုဝင်ဘာလ ၂ ရက်၊ ၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းညီနောင်မဟာမိတ်တို့ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး ဒေသခံပြည်သူထောင်ချီ စစ်ဘေးရှောင် နေရတာဖြစ်ပါတယ်။ ထိုတိုက်ပွဲနှင့်ပတ်သက်ပြီး နယ်မြေအတွင်းသို့ ဝင်ရောက်ခိုလှုံသည့် ပြည်သူများကို ခြွင်းချက်မရှိ အကာအ ကွယ်ပေးသွားမယ်လို့ တရုတ်ဘာသာစကားဖြင့် ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ အောက်တိုဘာ...

ကျောက်မဲမြို့အနီး စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေ

နိုဝင်ဘာလ ၁ရက်၊ ၂၀၂၃  ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အနီးမှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ကျောက်မဲမြို့ဒေသခံတွေကတဆင့် သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့၊ မနက်ပိုင်းကစပြီး ကျောက်မဲမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေတာဖြစ် ပြီး ကျောက်မဲ အခြေစိုက် ခမရ...

လောက်ကိုင်မြို့၏ မာရှယ်လောအချိန်ကို ထပ်မံပြောင်းလဲ ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ကို ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးကော်မတီ က မနက်ဖြန် အောက်တိုဘာလ ၃၀ ရက်နေ့မှစ၍ မာရှယ်လော အချိန်ကို မနက် ၁၀ နာရီမှ ညနေ ၄:၃၀ အချိန်အတွင်းသာ သွားလာခွင့်ရှိကြောင်း ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ထပ်မံပြောင်းလဲ...

ညီနောင် မဟာမိတ်၃ဖွဲ့ သိန္နီမြို့ကို ထိန်းချုပ်

ဒီကနေ့ မနက် အောက်တိုဘာလ ၂၉ ရက်နေ့ ၇ နာရီဝန်းကျင်မှာ ရှမ်း‌ပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့ကို MNDAA၊ TNLAနဲ့ AAတို့ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ "ကိုးကန့်(MNDAA)တွေ သိန်းနီတိုးဂိတ်မှာ နေရာယူသွားကြပြီ။ မြို့ထဲ နဲ့ မြို့ဝန်းကျင်တဝိုက်မှာလည်း ရှိနေကြတယ်။ တိုက်ပွဲဖြစ်သံတွေလည်း အခုထိ ကြားနေရတုံးပဲ။...

လားရှိုး – ချင်းရွှေဟော် ၊ လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးကို MNDAAက အရေးပေါ်အခြေနေဖြင့် ပိတ်ပင်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အရေးပါဆုံးဖြစ်တဲ့ လားရှိုး - ချင်းရွှေဟော် ၊ လားရှိုး- မူဆယ် ပြည်ထောင်စုကားလမ်းမကြီး နှစ်ခုကို ကိုးကန့်တပ်ဖွဲ့ MNDAA က အရေးပေါ်ပိတ်ပင်လိုက်ကြောင်း ဒီကနေ့ မနက်က ထုတ်ပြန်ထားကြောင်း သိရပါတယ်။ ကိုးကန့်ဒေသအတွင်းရှိ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အထူးဒေသ ( ၁ ) စစ်ကောင်စီတပ်များကို...

နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ တိုက်ပွဲထပ်မံဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့အနီး အုမ္မခါးကျေးရွာအနီးမှာ စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသား တပ်မတော် TNLA တပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ယနေ့မနက်အစောပိုင်း တိုက်ပွဲမဖြစ်ခင်မှာ TNLA က မနက် ၆ နာရီကနေ ၉ နာရီအထိ လမ်းပိတ်ခဲ့ပြီးနောက်မှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့်...

KIO ရဲ့ ဒုဉက္ကဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် သိမ်းပိုက်ထားသော အောင်ဂျာစစ်တပ်စခန်းက ရဲဘော်တွေကို သွားရောက်တွေ့ဆုံ

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့ မှာ KIA + မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော ကချင်ပြည်နယ် မိုးမောက်မြို့နယ်ထဲက အောင်ဂျာတပ်စခန်း စစ်မြေပြင်ကို ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIO ရဲ့ ဒုဉက္ကဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က အောက်တိုဘာလ ၂၃ ရက်နေ့မှာ စစ်မြေပြင်က ရဲဘော်တွေဆီ...

Latest articles

spot_imgspot_img