ပြည်တွင်းသတင်း

ကားနှင့်ဆိုင်ကယ်မတော်တဆတိုက်မိရာမှ ဆိုင်ကယ်စီးအမျိုးသားသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ ပင်တိန်ကျေးရွာအုပ်စု၊ ပင်တီး-ခေါက်ခက်ကျေးရွာအတွင်းရှိ မန္တလေး - လားရှိုး အမြန်လမ်းမပေါ်မှာ SURF ကားအမျိုးအစားတစ်စီးနဲ့ ဆိုင်ကယ်တစ်စီးတိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းသိရပါသည်။ အခင်းဖြစ်စဥ်မှာ ဇူလိုင်လ ၁၉ရက်နေ့က နောင်ပိန်ကျေးရွာအုပ်စု အမှတ် ၃ ရပ်ကွက်နေ ဦးလှမောင်၏သား ဦးလှ၀င်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်နဲ့...

ကွတ်ခိုင်မြို့အနီး စစ်ကောင်စီနဲ့ KIA တိူ့ တိုက်ပွဲဖြစ်ပွားဒေသခံ ၁၅ နှစ်အရွယ် ကောင်လေး လက်နက်ကြီးထိပြီး သေဆုံး

ဇူလိုင်လ 18ရက်နေ့ ညနေပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ အနီးက နမ့်ဖတ်ကာကျေးရွာအနီးကို ဇီးဒဘန်ရွာက အသက် ၁၅ နှစ်အရွယ် ဒေသခံ ယောက်ျားလေးတစ်ဦး စစ်ကောင်စီဘက်ကပစ်တဲ့လက်နက်ကြီးထိလို့ သေဆုံးခဲ့ပြီး နောက်ထပ်လူ ၄ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ အခြေအနေသိရှိသူ ဒေသခံတစ်ဦးကပြောပါတယ်။ သေဆုံးတဲ့ အသက် ၁၅နှစ် ကလေးငယ်ဟာ...

ရှမ်း – ကယားနယ်စပ်တွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းထောက်ပို့ယာဉ်ကို PDFများ က သိမ်းဆည်း ရရှိ

ရှမ်း - ကယားနယ်စပ် ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်၏ ထောက်ပို့ယာဉ်တစ်စီးကို တော်လှန်ရေးတပ်များက သိမ်းဆည်း ရရှိခဲ့ကြောင်း PDF ၁၀၀၈ တပ်ရင်း(SSRY)ထံမှ သိရသည်။ ဖယ်ခုံမြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း ထောက်ပို့ယာဉ်ကို ညွှန်တော်မူဘုရားနှင့် ထိုင်တော်မူဘုရားအကြား လမ်းဆုံ၌ တော်လှန်ရေးတပ်များက ၂၀၂၃ခုနှစ် ဇူလိုင်လ(၉)ရက်နေ့တွင် မိုင်းဆွဲပြီး...

KNDO ဌာနချုပ်တွင် ၇၆ နှစ်မြောက် ကရင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ဌာနချုပ်တွင် ၇၆ နှစ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ နေ့ အခမ်းအနားကို ယမနေ့ ‌ဇူလိုင်လ ၁၆ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားကို KNU ထိပ်ပိုင်း ခေါင်းဆောင်များ၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ထိပ်ပိုင်းခေါင်းဆောင်များ၊...

ကြို့ပင်ကောက်မြို့နယ် ကျောင်းသားနှစ်ဦး ရေဆင်းဆော့ရာမှ ရေနစ်သေဆုံး

ပဲခူးတိုင်း ကြို့ပင်ကောက်မြို့၊ ဗွဲရိုးကျေးရွာအုပ်စု ကျောင်းကုန်းကျေးရွာအနီးမှာ ကလေး၂ ယောက် ကျောင်းအသွား ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ပါတယ်လို့သိရပါတယ်။ သေဆုံးခဲ့တဲ့ ကလေးတွေဟာ Grade-6 ကျောင်းသား မောင်ကိုကိုထွန်း နဲ့ Grade-3 ကျောင်းသား မောင်ထက်မြက်သူတို့ ဖြစ်တယ်လို့ သိရှိရပြီးဇူလိုင် ၁၈ ရက် မနက် ၉ နာရီလောက်မှာ...

စစ်ကောင်စီက ရခိုင်တွင် မိုခါမုန်တိုင်းသင့် အိမ်ထောင်တစုကို သွပ် ၂ ချပ်စီ ထောက်ပံ့

စစ်ကောင်စီက ရခိုင်ဒေသထဲ မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ပြည်သူတွေကို ကူညီထောက်ပံ့နေပြီး ဇူလိုင်လထဲမှာ ရသေ့တောင်မြို့နယ်ထဲက ကျေးရွာစုတွေဆီ လာရောက် အထောက်အပံ့ပေးခဲ့တယ်လို့ သိရသည်။ ရသေ့တောင်မြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် ကျေးရွာပေါင်း ၅၀ ကျော် လုံးဝပျက်စီးခဲ့ကြောင်း သိရသည်။ ထောက်ပံ့ရာမှာ ကျေးရွာအတွင်းက အိမ်ထောင်စုအားလုံးကို ထောက်ပံ့ပေးတာမျိုး မဟုတ်ဘဲ တအိမ်ထောင်ကို ပစ္စည်းတမျိုးစီနဲ့ သွပ်နှစ်ချပ်စီ...

ချောင်းဦးမြို့နယ် ကံဆည်းရွာတွင် တပ်စွဲထားသော ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက် ခိုက်သိမ်းပိုက်ဇွန်လ

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်၊ ကံဆည်းကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက်သိမ်းပိုက်ခဲ့ ပြီး ရဲ နှစ်ဦးသေဆုံးပြီး ပျူစောထီး ၁၂ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ နံနက် ၆ နာရီခွဲ့ခန့်က ချောင်းဦးမြို့အနောက်ဘက် ချောင်းဦးမြို့နှင့် အမြင့် လမ်းကြား၊ ကင်းမွန်ထော်...

သရုပ်ဆောင်မေပန်းချီ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရဇွန်လ ၁၁ ရက်၊ ၂၀၂၃

သရုပ်ဆောင် မေပန်းချီကို ပြီးခဲ့တဲ့ ဧပြီလတုန်းက ဖမ်းဆီးခံရပြီး နှစ်လအကြာမှာ တရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်လို့ သိရသည်။ မေပန်းချီ ဖမ်းဆီးခံရသည့် အကြောင်းရင်းမှာ - ဧပြီလအတွင်းက စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီ ကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေအများအပြားသေကြေ ပျက်ဆီးခဲ့သည့်...

တက္ကသိုလ်ဝင်တန်း အောင်စာရင်း ဖြေဆိုသူ ၁ သိန်းခြောက်သောင်းကျော်အနက် ၁ သိန်းကျော်အောင်မြင်

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ မနက် ၆ နာရီတွင် တက္ကသိုလ်ဝင်တန်းအောင်စာရင်း ထုတ်ပြန်ခဲ့ရာ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဖြေဆိုသူ ၁ သိန်းကျော်လောက်အောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်းအားဖြင့် ၆၇ ရာခိုင်နှုန်းကျော်ရှိခဲ့ကာ ခြောက်သောင်းနီးပါး ကျရှုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံ စာစစ်ဌာန၏ ထုတ်ပြန်ချက် အရ...

Latest articles

spot_imgspot_img