ပြည်တွင်းသတင်း

လားရှိုးမြို့နယ်မှာ စစ်ကောင်စီတပ်သားအချို့ အိမ်တိုင်းစေ့အိမ်တက်အိမ်ဆင်း စစ်ဆေးနေ

သြဂုတ်လ ၁၀ရက်နေ့က လားရှိုးမြို့နယ်၊ဟိုပိတ်အုပ်စု၊ နမ့်နွန်းရွာနဲ့ ကွန်ကိုင်းကျေးရွာတို့မှာ ဟိုပိတ်တစ်ဝိုက် သွားလာလှုပ်ရှားနေတဲ့စစ်ကောင်စီတပ်သားအချို့ဟာ ရွာထဲကအိမ်တွေကို အိမ်တိုင်းစေ့ တစ်အိမ်တက် တစ်အိမ်ဆင်းလိုက်လံ စစ်ဆေးနေတယ်လို့သိရပါတယ်။ “အိမ်ပေါ်ရောက်ရင် အိမ်ထောင်စုနဲ့ မှတ်ပုံတင်တွေတောင်းကြည့်တယ် အိမ်ထောင်စုစာရင်းထဲ မပါရင်ဖမ်းခေါ်သွားတယ် အိုက်ခမ်းလို့ခေါ်တဲ့ လူတစ်ယောက်ပါသွားတယ်လို့ကြားတယ် တစ်ချို့တွေက အိမ်ထောင်စုလုပ်ရတာ အလုပ်ရှုပ်လို့ မထည့်တာတွေရှိတယ်လေ ဒီနေ့ထိတော့ အိုက်ခမ်းအခြေအနေတော့...

NCA အပစ်ရပ်စာချုပ်ကို လိုက်နာစရာ မရှိတော့ဘူး လို့ KNU ပြော

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လိုက်နာစရာ အကြောင်းမရှိတော့ဘူး လို့ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ပြောလိုက်ပါတယ်။ NCA ရဲ့ အခန်း (၁) အခြေခံမူကို စစ်တပ်က ဖျက်ဆီးလိုက်တဲ့အတွက် ဒီစာချုပ်ဟာ မရှိတော့ဘူးလို့ သူကပြောပါတယ်။‘’...

တန့်ယန်းမြို့နယ်တွင် အသက်၁၃ နှစ်အရွယ် ကလေးတစ်ငယ်တစ်ဦးပျောက်ဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့ အမှတ်( (၂) ရပ်ကွက်၊ အုပ်စု(၁၂) မှ အသက်၁၃နှစ်အရွယ် ကလေးတစ်ဦးပျောက်ဆုံး လျက်ရှိပါတယ်။ သြဂုတ်လ ၇ ရက်နေ့ ကတည်းကပျောက်ဆုံးနေတာဖြစ်ပြီး လက်ရှိအချိန်ထိ မည်သည့်သဲလွန်စမှ မသိရသေးဘူးလို့ဆိုပါတယ်။ ပျောက်ဆုံးသူကလေးအမည်မှာ အိုက်မိန်းဖြစ်ပြီး ဦးဆန်ကြတ်+ပါလူ တို့ရဲ့ သားဖြစ်တယ်လို့သိရပါတယ်။ သက်ဆိုင်ရာလူကြီးတွေစိတ်ပူနေတာကြောင့် ကလေးတွေ့ရှိပါက ထိန်းသိမ်းထားပေးပြီး အောက်ပါဖုန်းနံပါတ်တွေကိုဆက်သွယ်ပေးပါလို့လည်းတောင်းဆိုထားပါတယ်။

ပင်လောင်းမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား

 ယခုရက်ပိုင်းအတွင်း မိုးတွေအဆက်မပြတ်ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ပင်လောင်းမြို့နယ်ထဲမှာ တစ်ပတ်ကျော်ကြာအောင် မိုးတွေအဆက်မပြတ်ရွာသွန်းနေတာကြောင့် ပင်လောင်းမြို့နယ် အနိမ့်ပိုင်း‌ဒေသတွေ ရေချောင်းနဲ့ နီးတဲ့နေရာတွေဖြစ်တဲ့ ကွက်သစ် ရပ်ကွက်၊ အနောက်ရပ်ကွက်၊ စျေးတန်းရပ်ကွက်တွေရဲ့ အစွန်းမှာ ရေအများဆုံးကြီးနေတယ်လို့လည်း သိရပါတယ်။ “လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကလည်း ရေကြီးရေလျှံတာတွေဖြစ်ခဲ့ဖူးပါတယ် အခုလို ‌ရေပြန်ကြီးတော့ ကျွန်တော်တို့ရဲ့...

နိုင်ငံကျော် တေးသံရှင် စိုင်းဆိုင်မောဝ် ရဲ့အစ်ကို ရှမ်းတေးရေးဆရာ စိုင်းလောဝ်ဆိုင်ကွယ်လွန်

နိုင်ငံကျော် တေးသံရှင် စိုင်းဆိုင်မောဝ်ရဲ့ အစ်ကို ရှမ်းတေးရေးဆရာ စိုင်းလောဝ်ဆိုင် အသက် (၈၁) နှစ်ဟာ ယနေ့ည ၆ နာရီ ၂၅ မိနစ်မှာ ကွယ်လွန်သွားခဲ့ကြောင်းသိရသည်။

သားအမိ နှစ်‌ယောက် မှိုထွက်ရှာရင်း မိုင်းနင်းမိ၊ သားဖြစ်သူ ပွဲချင်းပြီးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းအုပ်စု တောင်တလောင်ကျေးရွာတွင် သြဂုတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်လောက်မှာ တောထဲသို့သားအမိနှစ်ယောက် မှိုရှာထွက်ရင်း အသက် ၁၂ နှစ်အရွယ် သားဖြစ်သူမှာ မိုင်းနင်းမိပြီး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။ သြဂုတ်လ ၂ ရက်နေ့ကလည်း နမ္မတူမြို့နယ် ပင်လုံအုပ်စု ပန်ကိုင်ကျေးရွာတွင်လည်း...

စစ်ကောင်စီနဲ့ TNLA တပ်တို့ စစ်ရေးတင်းမာနေတဲ့ အီနိုင်းကျေးရွာအုပ်စုထဲသို့ စစ်ရဟတ်ယာဥ်ဖြင့်လှည့်ပတ်

 ယနေ့ သြဂုတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့ စစ်ရေးတင်းမာနေတဲ့ အီနိုင်းကျေးရွာ အုပ်စုထဲကို စစ်ကောင်စီဘက်က စစ်ရဟတ်ယာဥ် နှစ်စီးဖြင့် လားရှိုးမြို့ဘက်ကနေ လာရောက်လှည့်ပါတ်ပြီး လားရှိုးမြို့သို့ ပြန်ထွက်သွားတယ်လို့သိရပါတယ်။ လက်ရှိအခြေအနေမှာတော့ လားရှိူးမြို့နယ် အီနိုင်းကျေးရွာအုပ်စု တောင်တလောင်ကျေးရွာနဲ့ လွယ်ကန်ကျေးရွာ...

လဲချားမြို့နယ်တွင် မန်ပန်ပြည်သူ့စစ် ယာဉ်တန်း မိုင်းဆွဲခံရ၊ တပ်သား နှစ်ဦးသေဆုံး

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းတွင် မန်ပန်ပြည်သူ့စစ် အရာရှိ၏ ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး အရာရှိ တစ်ဦး ဒဏ်ရာရ၊ တပ်သား နှစ်ဦး သေဆုံးသွားကြောင်း သိရသည် ယမနေ့ (ဇူလိုင်လ ၃၀ )ရက်ညနေပိုင်း ၄ နာရီဝန်းကျင် တွင် လဲချားမြို့နယ် အရှေ့ဘက်ရှိ တင်းလီကျေးရွာ...

နမ္မတူမြို့နယ်တွင် ပထွေးဖြစ်သူမှ အသက် ၆ နှစ်အရွယ်ကလေးကို မုဒိမ်းကျင့်မှုဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ နားခိုလျန်ကျေးရွာတွင် ပထွေးဖြစ်သူမှ အသက် ၆ နှစ်အရွယ်ကလေးကို မုဒိမ်းကျင့်မှုဖြစ်စဥ်ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ၆လ ပိုင်းတုန်းကလည်း ယာစပါးသွားစိုက်ကြရာ နားချိန်ရောက်တော့ ပထွေးဖြစ်သူက ယာတဲပေါ်တက်လာပြီး ကလေးအမေကိုမမြင်တာကြောင့် ကလေးကိုမုဒိမ်းကျင့်ဖို့ကြံစည်ခဲ့ဖူးတယ် လို့ သိရပါတယ်။ ၄င်းအချိန်တုန်းကတော့ ကလေးအမေရောက်လာတာကြောင့် မပြုကျင့်ဖြစ်ခဲ့ဘူးလို့ လည်းသိရပါတယ်။သို့သော်လည်း ဇူလိုင်လ...

Latest articles

spot_imgspot_img