ပြည်တွင်းသတင်း

စစ်ကောင်စီနဲ့TNLAတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မူဆယ်မြို့နယ်မှ ဒေသခံများ စစ်ဘေး‌ရှောင်နေရ

စက်တင်ဘာ ၂ရက်၊၂၀၂၃ မူဆယ်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီနဲ့ TNLA တို့ ရက်အနည်းအကြာ တိုက်ပွဲများဖြစ်ပွါးပြီးနောက် မူဆယ်မြို့နယ်က တိုက်ပွဲဖြစ်ပွါးရာ ဒေသခံတွေဟာ အိုးအိမ်တိုက်တာ ပျက်ဆီးဆုံးရှုံးမှုတွေအပြင် စစ်ဘေးမှလွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်ကနေ ယမနေ့ စက်တင်ဘာလ ၁ ရက်နေ့အထိ စစ်ကောင်စီတို့ဘက်မှ မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာအုပ်စုနဲ့...

လားရှိုးမြို့နယ်တွင်းမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ TNLAတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် နှစ်ဦးနှစ်ဖက် စစ်ရေးတင်းမာ

သြဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်း ၅နာရီခွဲ ဝန်းကျင်ခန့်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ (၁၆) ၊ လားရှိုးခရိုင် ဟိုပိတ်ကျေးရွာအုပ်စုက စစ်ကောင်စီတပ် အမှတ် ခလရ(၆၈) တပ်နဲ့ ပန်ဖတ်ကျေးရွာအနီးတစ်နေရာကနေ လက်နက်ကြီးဖြင့် ခိုလောင်းကျေးရွာ အရှေ့ ဘက်သို့ ဦးတည်ပြီး ည...

ရွှေစျေး နဲ့ ဒေါ်လာစျေး ထိန်းမရအောင် တစ်ဟုန်ထိုးမြှင့်

ဒီကနေ့ သြဂုတ်လ ၁၂ ရက်အထိ ရွှေစျေး တစ်ကျပ်သားကို ၃၇ သိန်း နှင့် ဒေါ်လာစျေး တစ်ဒေါ်လာ ကို မြန်မာငွေ ၃၅၀၀ ကျပ်အထိ တိုးမြှင့် လို့ လာနေပါတယ်။ ရွှေစျေး နဲ့ ဒေါ်လာစျေး သာမက အိမ်နီးချင်းနိုင်ငံ တရုတ် ယွမ်ငွေစျေးလည်း...

PSLF/TNLA တပ်ဖွဲ့ဝင်များက စယ်လန့်ရှိ ရှမ်း သမိုင်းဝင်ရှေး‌ဟောင်းမြို့ရိုးကို ဖြိုဖျက်ခဲ့တဲ့ လုပ်ရပ်အပေါ် SSPP/SSAမှရှုံ့ချဆန့်ကျင်ကြောင်း ထုတ်ပြန်ကြေငြာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ နယ်၊ စယ်လန့်မှာ ရှိတဲ့ ရှမ်းဧကရာဇ်မင်းကြီး စဝ်ဆေခန်ဖလက်ထက် ကတည်းကတည်ရှိခဲ့တဲ့ သမိုင်းဝင်ရှေးဟောင်းမြို့ရိုးအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များက သြဂုတ်လ ၁၂ရက်နေ့က ဖြိုဖျက်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါလုပ်ရပ်ဟာ လူမျိုးတစ်မျိုးရဲ့ သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်များအား ဖျက်လိုဖျက်ဆီးလုပ်လိုတဲ့ သဘောမျိုးဆောင်တာကြောင့် ယခုလို မထေမဲ့မြင်ပြုမှုတွေဟာ မည်သည့်အကြောင်းမျိုးနဲ့မှ လက်ခံနိုင်စရာ...

ဖရူဆိုမြို့နယ်၊ ထီးသော်ကူးရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ၏ တပ်စခန်းကို ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရသည်။ ဩဂုတ်လ ၁၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်တွင် ဖရူဆိုမြို့နယ်၊ ထီးသော် ကူး ကျေးရွာအနီးရှိ...

မြန်မာနိုင်ငံတွင် လူ ခြောက်သောင်းကျော် ရေကြီးမှုဒဏ်ခံ ရတယ်လို့ ကုလပြော

ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ မွန်စတဲ့ ပြည်နယ်တွေအပါအဝင် တနင်္သာရီ၊ ပဲခူး၊ မကွေး၊ ရန်ကုန် တိုင်းဒေသကြီးတွေမှာပါ သြဂုတ်လ ပထမအပတ်အတွင်း မိုးများပြီး ရေကြီးခဲ့တာကြောင့် လူဦးရေ ၆ သောင်းကျော်အပေါ် ထိခိုက်မှုရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က ပြောပါတယ်။ ရေကြီးမှုအတွင်း လူ...

ရှမ်းပြည်တောင်ပိုင်းမှ Non CDM ဝန်ထမ်းတွေကို အရံပြည်သူ့စစ် ဖွဲ့စည်းဖို့ စစ်ကောင်စီမှ စာရင်းကောက်ယူနေ

စစ်ကောင်စီလက်အောက်ခံဖြစ်တဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဟာ အရံပြည်သူ့စစ်ဖွဲ့စည်းဖို့ ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ Non CDM ဝန်ထမ်းအင်အားကောက်ယူနေတယ်လို့ သိရပါတယ်။ “ဒီလ ၉ ရက်နေ့က စာထုတ်ပြီးညွှန်ကြားထားတာ။ ချက်ချင်းကြီးစစ်သင်တန်းတက်ရမယ်၊ စစ်တိုက်ရမယ်လို့ ဆိုလိုတာတော့မဟုတ်သေးဘူး စာရင်းဘဲပို့ခိုင်းသေးတာ အဲ့ထဲက ဘယ်အသက်အရွယ်ကနေ ဘယ်အသက်အရွယ်အထိ က စစ်သင်တန်းတက်ဖို့ ထပ်ခိုင်းမယ်။ လိုအပ်လာရင် စစ်တပ်ရဲ့ အရံအင်အားအဖြစ်...

အာဏာသိမ်းစစ်ကောင် နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး မူဆယ်မြို့နယ်လမ်း ဖျက်ဆီး

ယနေ့ သြဂုတ်လ ၁၅ ရက်နေ့ မှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်တောင်းရွာ နဲ့ ပန်ကြုံကျေးရွာ ကြားရှိ လမ်းမကို အာဏာသိမ်းစစ်ကောင်စီ တပ်မ ( ၉၉ )  ၊ နမ်းခမ်းမြို့မ ပြည်သူ့စစ် ၊ လုံထန်ပြည်သူ့စစ် တပ်ဖွဲ့တို့ ပူးပေါင်းပြီး...

မိုင်းနောင်-လဲချား ကားလမ်းမအား စစ်ကောင်စီက ပိတ်ဆို့မှုကြောင့် ပြည်သူတွေအတွက် ကူးသန်းသွားလာရေးခက်ခဲနေ

ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့ မှာ စတင်ဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ရဲ့ တိုက်ပွဲအပြီးမှာ မိုင်းနောင်-လဲချား ကားလမ်းမကို စစ်ကောင်စီက ရက်အတော်ကြာအောင် ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တာကြောင့် ပြည်သူတွေအတွက် ကူးသန်းသွားလာရေးအင်မတန် ခက်ခဲနေတယ်လို့ သိရပါတယ်။ မိုင်းရှူး-တောင်ကြီး ကားလမ်းမပေါ်မှာ ပုံမှန်ပြေးဆွဲနေတဲ့...

Latest articles

spot_imgspot_img