ပြည်တွင်းသတင်း

KIA/KIO ဌာနချုပ်ရှိရာ လိုင်ဇာဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၁၃ ဦး အပါအဝင် ပြည်သူ ၃၂ ဦး သေဆုံး

ကချင်ပြည်နယ် KIA/KIO ဌာနချုပ်ရှိရာ လိုင်ဇာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု ကြောင့် ကလေးငယ်များအပါအဝင် ပြည်သူအများအပြားသေဆုံးခဲ့ကြောင်း လိုင်ဇာဒေသခံ တစ်ချို့ ထံမှ သိရှိရသည်။ ယမနေ့ အောက်တိုဘာလ ၉ ရက်နေ့ ည၁၁ နာရီကျော်အချိန် စစ်တပ်က လက်နက် ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည်သည်...

စစ်ကောင်စီ လက်ကိုင်တုတ်ဖြစ်တဲ့ PNO ပြည်သူ့စစ်က လွိုင်လင်မြို့နယ်မှာ စစ်ဖိနပ်ဖိုး ဆက်ကြေးကောက်နေ

ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်ရှိ ပအိုဝ်းကျေးတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ရုံးစရိတ်နဲ့ စစ်ဖိနပ်ဖိုး ဆိုပြီး ဆက်ကြေး မကြာခဏ ကောက်ခံနေတယ်လို့ လွိုင်လင် ဒေသခံတွေကတဆင့် သိရပါတယ်။ နွေဦးတော်လှန်ရေးမှာ PNO ပြည်သူ့စစ်ဟာ အာဏာသိမ်း စစ်တပ်ရဲ့ လက်ကိုင်တုတ် ဖြစ်လာပြီး စစ်ရေး...

CDF မင်းတပ်ထံသို့ ပြည်ပရောက် ချင်းတိုင်းရင်းသားအဖွဲ့များနှင့်အလှူရှင်များက လက်နက်အများ အပြား ထောက်ပံ့

ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် CDF-Mindat ထံသို့ ပြည်ပရောက်ချင်းတိုင်းရင်းသား အဖွဲ့များနှင့် အလှူရှင်များက AK-47 သေနတ် ၄၀ လက်၊နှင့်ကျည် ၁၂၀၀၀ တောင့် အပါအဝင် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ International Mindat K'Cho Organization (IMCO)၊ Heal the worldနှင့် CEA(Norway)တို့က...

မူဆယ်မြို့နယ်မှာ ရေခဲချောင်းသည်တစ်ဦး ပစ်သတ်ခံရ

အောက်တိုဘာ ၁ရက်၊ ၂၀၂၃ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ နမ့်အွမ်ကျေးရွာအုပ်စု ကောင်းဝိန်းကျေးရွာအနီးမှာ ရေခဲချောင်းသည်တစ်ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။ ရေခဲချောင်းသည်ဟာ မူဆယ် ၁၀၅ မိုင် ကနေ နမ့်အွမ်ဘက်ကို မကြာခဏ ရေခဲလာရောင်းလေ့ရှိ တယ်လို့ ဆိုပါတယ်။ ယမနေ့ စက်တင်ဘာ ၃၀ ရက်နေ့...

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် တို့ကို စစ်ကောင်စီ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်

စက်တင်ဘာ ၂၅ ရက်၊ ၂၀၂၃ အကြမ်းဖက်စစ်ကောင်စီက ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တို့ကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ပြီး စိုးထွဋ်ကို အစိုးရ အဖွဲ့ရုံး ဝန်ကြီးရာထူးမှ အနားပေးလိုက်ကြောင်း ယနေ့ ညပိုင်း စစ်ကောင်စီက တရားဝင် သတင်းထုတ်ပြန်ထားသည်။ ယနေ့ည ၈ နာရီ ထုတ်ပြန်သော...

KNU ရဲ့ တပ်မဟာ ၆ နယ်မြေအတွင်း လောင်းကစားပြုလုပ်သူတွေကို အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့တွင် KNU ကရင် အမျိုးသားအစည်းရုံး ဒူးပလာခရိုင် တပ်မဟာ ၆ နယ်မြေတစ်ဝက်မှာ လောင်းကစားလုပ်ငန်းပြုလုပ်သူတွေကို အရေးယူသွားမည်ဖြစ်ကြောင်း ကို KNU က အမိန့်ထုတ်ပြန်ထားပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှု နှင့် ဒေသတစ်ဝိုက် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် တရားဉပဒေ စိုးမိုးမှုအားနည်းနေခြင်းကို အခွင့်အရေးကောင်းကောင်းယူပြီး...

နမ့်ဆန်မှာ အသက် ၇ နှစ်အရွယ် မိန်းခလေးငယ်တစ်ဦး မွှားကောင် ကိုက်ခံရပြီး သေဆုံး

စက်တင်ဘာ ၁၀ရက်၊ ၂၀၂၃ ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ထမ်မဆိုင်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မွှားကောင် ကိုက်ခံရပြီး တစ်လအကြာမှာ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မိန်းခလေးငယ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက မွှားကောင်ကိုက်ခံခဲ့ရလို့ အဖျားတက်လိုက်ကျလိုက်ဖြစ်ပြီး တစ်လအကြာမှာ သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ မွှားကောင်များသည် စိုက်ခင်းများ...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးချို့တဲ့နေ

စက်တင်ဘာ ၃ရက်၊၂၀၂၃ နေပြည်တော် အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး ချို့တဲ့နေကြောင်း နေပြည်တော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် မူးဝေပြီး ပျို့အန်ခဲ့တဲ့အတွက် အကျဉ်းဦးစီး ဆေးမှူးချုပ်က သွားရောက်ကြည့်ရှုခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် သွားဖုံးယောင်ပြီး၊ သွားနာနေတဲ့...

မြိုင် PDF ခေါင်းဆောင်တဦး ကိုယ့်ကိုယ်ကိုယ် သတ်သေ

စက်တင်ဘာ ၂ရက်၊ ၂၀၂၃ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)လက်အောက်ခံ နဂါးနီတပ်ခွဲ ခေါင်းဆောင် ဗိုလ်ယက္ခ ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်၊ ညနေ ၄ နာရီခန့်မှာ ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။ အခုလို အဆုံးစီရင်သွားတာဟာ ဗိုလ်ယက္ခ...

Latest articles

spot_imgspot_img