ပြည်တွင်းသတင်း

ယင်းမာပင်မြို့နယ်ထဲမှာ အသက်မပြည့်သေးသူ ကျောင်းသား နှင့် အရပ်သားဒေသခံကို အာဏာသိမ်းစစ်ကောင်စီက သတ်ဖြတ်

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်မြို့နယ် ၊ သဲကုန်းကျေးရွာရှိ အသက်မပြည့်သေးသူ ကျောင်းသား ၃ ဦးအပါဝင် အရပ်သားဒေသခံ ၆ ဦးကို အာဏာသိမ်းစစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။သတ်ဖြတ်ခံခဲ့ရသူများမှာ ကိုဇော်သူ ၊ ကိုဇော်မောင် ၊...

လားရှိုးမြို့က ပရိဘောဂဆိုင်တစ်ဆိုင် သေနတ်ပစ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့ ရပ်ကွက် (၈) မှာ ဖွင့်လှစ်ထားတဲ့ FINE ပရိဘောဂဆိုင်တစ်ဆိုင်ကို ယမနေ့ အောက်တိုဘာ ၁၆ရက် ည ၇ နာရီခွဲအချိန်ခန့်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံမှတစ်ဆင့် သိရှိရပါတယ်။  မနေ့ညက လူနှစ်ယောက် ဆိုင်ကယ်တစ်စီးနဲ့ ဆိုင်ရှေ့ရောက်လာပြီး သေနတ်နဲ့...

လဲချားမြို့နယ်က ဒေသခံပြည်သူကို တစ်အိမ်တစ်ယောက်ပြည်သူ့စစ်လုပ်ရန် စစ်ကောင်စီက ခြိမ်းခြောက်ပြောဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ဟိုင်းဆိုင်အုပ်စုမှာ အခြေချလုပ်ရှားနေသည့် စစ်ကောင်စီတပ် ဖွဲ့သည် ဒေသခံပြည်သူကို တစ်အိမ်တစ်ယောက်ပြည်သူ့စစ်လုပ်ရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဒေသ ခံမှတစ်ဆင့် သိရှိရသည်။ အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၇ နာရီအချိန်က လဲချားမြို့နယ် ဟိုင်းဆိုင်အုပ်စု ဟိုင်းဆိုင်စေတီ ကုန်းမှာ အခြေချလုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကန်းအွန်ကျေးရွာအတွင်းရှိ...

ကချင်ပြည်နယ် လုံဂျုံရွာကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီး

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ကချင်ပြည်နယ် ဗန်းမော် - မြစ်ကြီးနား ကားလမ်းမပေါ်ရှိ ဒေါ့ဖုန်းယန်မြို့ အနီးက လုံဂျုံရွာကို အာဏာသိမ်းစစ်ကောင်စီက ညနေပိုင်း ၄ နာရီဝန်းကျင်ခန့်တွင် မီးရှို့ဖျက်ဆီး ခဲ့ကြောင်းသိရပါတယ်။ အာဏာသိမ်းစစ်ကောင်စီ ခမရ ( ၄၁၅ ) စစ်ကြောင်းက ညနေ...

ကွတ်ခိုင်မြို့နယ်မှာ TNLA နဲ့ စစ်ကောင်စီတပ်တို့ တစ်ရက်တည်း ၃ နေရာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA ထုတ်ပြန်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ ယမနေ့အောက်တိုဘာ ၁၃ ရက်နေ့က ၃ နေရာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ဒီကနေ့ ထုတ်ပြန်ထား ပါတယ်။ အောက်တိုဘာလ ၁၃ ရက်၊ မနက် ၁၁ ကျော်ခန့်မှာ ကွတ်ခိုင် ရှုခင်းသာမှာ တစ်ကြိမ်၊...

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မိုးသဲထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်အဆောက်အဦးများ ၊ လယ်ယာများ အမြောက်အများ ပျက်စီး

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ ကနေစပြီး မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း နေရာဒေသအများအပြား တောင်ကျချောင်းရေ ၊ ရေကြီးရေလျှံ မှုများကြောင့် လူနေအိမ်အဆောက်အဦး ၊ တောင်ယာလယ်မြေ များစွာ ပျက်စီးလျက်ရှိပြီး လူသေဆုံးမှုများရှိကြောင်းလည်း သိရပါတယ်။ လားရှိုးဒေသခံတစ်ဦးက - “ ဒီရက်ပိုင်းအတွင်း မိုးရွာတာကလည်း...

မိုင်းရှူးမြို့နယ်တွင် ကျောင်းဆရာမ တစ်ဦးက ၇ နှစ်အရွယ်ကျောင်းသူလေးအား ဆေးရုံတက်ရသည်အထိ ရိုက်နှက်

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ ၂၀၂၃ ညနေပိုင်း ၄ : ၃၀ အချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ် မိုင်းအွတ်ကျေးရွာအုပ်စု ဟိုနမ့်ကျေးရွာစာသင်ကျောင်းတွင် စာသင်ကြားပေးနေသော ဆရာမ နန်းနွန်းက အသက် ၇ နှစ်အရွယ်ကျောင်းသူလေး တစ်ဦးကို ပြင်းထန်စွာ ရိုက်နှက်မှုကြောင့် ဆေးရုံတက်ရသည်အထိ...

မူဆယ်မြို့နယ် ခူးဝိန်းကျေးရွာနားက နမ့်ပေါ် တံတားပေါ်ထောင်ထားသည့်TNLAရဲ့ ဖျက်အားပြင်းမိုင်း ပြန်မဖြုတ် သေး

ရှမ်းပြည်နယ် မြောက်ပိုင်း ၊မူဆယ်မြို့နယ် ခူးဝိန်းကျေးရွာအနီး နမ့်ပေါ်ရေကာတာ တံတားပေါ်တွင် ထောင်ထားခဲ့သည့် TNLA ရဲ့ ဖျက်အားပြင်းမိုင်းတွေဟာ ယနေ့ထိ ပြန်မဖြုတ်ပေးတဲ့အတွက်ကြောင့် ဒေသခံတွေက အသွားအလာ အခက်ခဲကြုံနေတာ ဖြစ်ပါတယ်။ အဆိုပါ တံတားပေါ်က မိုင်းဟာ TNLAဘက်က လာထောင်ထားတာဖြစ်ပြီး တစ်ဖက်သုံးလုံးစီနဲ့ အားလုံးပေါင်း ၆ လုံးလာထောင်ထားတယ်လို့...

တနင်္သာရီတိုင်းတွင် NUG လမ်းညွှန်မှုဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ အခြေခံစစ်သင်တန်း ကျင်းပပြုလုပ်

အမျိုးသားညီညွှတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန လမ်းညွှန်မှုဖြင့် တနင်္သာရီတိုင်းတွင် တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အခြေခံစစ်ပညာ သင်တန်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ NUG ရဲ့ One Year Plan အရ နွေဦးကာလမှာ ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန် မြှင့်တင်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး သင်တန်းတွင် သင်တန်းသားဦးရေ...

Latest articles

spot_imgspot_img