ပြည်တွင်းသတင်း

သီပေါမြို့နယ်မှာ စစ်ကောင်စီတပ်နှင့် မဟာမိတ်တပ်တို့တိုက်ပွဲပြင်းထန်၊ ကျင်သီတံတားကျိုးကျ

နိုဝင်ဘာလ ၁၃ရက်၊ ၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ထဲက ကျင်သီရွာမှာရှိတဲ့ ကျင်သီတံတား စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်တပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။ သီပေါမြို့နယ်မှာရှိတဲ့ ကျင်သီတံတား စစ်ကောင်စီတပ်စခန်းနဲ့ ဘော်ကြိုရှိ စစ်ကောင်စီတပ်စခန်းတို့ ကို မြောက်ပိုင်းမဟာမိတ်တပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဘဲဖြစ်ပါတယ်။စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားရာ နေရာကို တစ်ရက်အတွင်း...

လားရှိုးမြို့မှာ ကလေးငယ်တစ်ဦး ကားတိုက်ခံရပြီး သေဆုံး၊ ကားသမားလွတ်မြောက်နေ

နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး ကားတိုက်ခံရပြီး သေဆုံး သွားကြောင်း၊ တိုက်တဲ့ ကားသမားက ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရှိရပါတယ်။ ယမနေ့ နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၄ နာရီ ၁၃ မိနစ်တွင် လားရှိုးမြို့ ရပ်ကွက်...

TNLA မှ ဖမ်းဆီးခေါ်ဆောင်သွားသော စယ်လန့်ရွာသား စိုင်းမောဝ်အွန်ကို ပြန်လည်လွှတ်ပေး

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက် နံနက် ၉ : ၅၅ ခန့်တွင် မူဆယ်မြို့နယ် စယ်လန့်ရွာမှ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် ခေါင်းဆောင်တစ်ဦး စိုင်းမောဝ်အွန်ကို တအောင်းတပ်ဖွဲ့ ( TNLA ) က ဖမ်းဆီးခေါ်ဆောင်သွားရာ ယမနေ့ နိုဝင်ဘာလ ၈...

လားရှိုးမြို့နယ် မိုင်းတိမ်ကျေးရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၃ ဦးသေဆုံး

နိုဝင်ဘာလ ၉ ရက်၊ ၂၀၂၃ လားရှိုးမြို့နယ် ဝိန်းထင်အုပ်စု မိုင်းတိမ်ကျေးရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ တစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သည်ကို မသိရဘဲ မိုင်းတိမ်ကျေးရွာထဲ ကို နံနက်ပိုင်း ၇ နာရီဝန်းကျင်မှာ လက်နက်ကြီး...

ရှမ်းမြောက်တိုက်ပွဲကြောင့် စစ်ဘေးရှောင်ထောင်ချီ တန့်ယန်းမြို့ရောက်ရှိ၊ စားဝတ်နေရေးအကူညီလိုအပ်

နိုဝင်ဘာလ ၉ရက်၊၂၀၂၃ လက်ရှိ ရှမ်းမြောက် မဟာမိတ်ညီနောင်၃ ဦးရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်တစ်ခွင်လုံးမှာ စစ်ပွဲတွေ ဖြစ်ပွားနေပြီး သောင်းနဲ့ချီတဲ့ လုပ်သားပြည်သူတွေ စစ်ဘေးရှောင်နေကြရပါတယ်။ယခုမှာလည်း တိုက်ပွဲဖြစ်ပွားရာဒေသကနေ ရှမ်း-မြန်မာ လုပ်သားထောင်နဲ့ချီပြီး တန့်ယန်းမြို့မှာ စစ်ဘေးရှောင်နေကြ ရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲကြောင့် ‌ချင်းရွှေဟော်ကနေ ပန်ဆန်း ‌ပန်ဆန်းမြို့ မှတစ်ဆင့် ရှမ်း-မြန်မာလုပ်သားထောင်နဲ့ချီပြီး...

SSPP / SSA မှ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် ( TYN ) အဖွဲ့ခေါင်းဆောင်အား ပြန်လွတ်ပေးရန် သွားရောက်ဆွေးနွေးရာ တအောင်းတပ်မတော် ( TNLA ) က စတင်ပစ်ခတ်တိုက်ခိုက်

နိုဝင်ဘာလ ၈ရက်၊၂၀၂၃ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက် ၂၀၂၃ တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် ( TYN ) ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ စိုင်းမောဝ်အွန် အား ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းရှိ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာနိုင်မည့် ပြည်သူများအား စယ်လန့်ကျေးရွာအတွင်းသို့ ခေတ္တခိုလှုံနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ...

TNLA နဲ့ စစ်ကောင်စီတို့တိုက်ပွဲကြောင့် နေရပ်ပြန်တဲ့ နောင်ချို စစ်ဘေးရှောင်များ ပြန်လှည့်ခဲ့ရ

နိုဝင်ဘာ ၈ရက်၊ ၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ နေ့စဥ်ရက်ဆက်တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာကြောင့် ထောင်နဲ့ချီတဲ့ နောင်ချိုဒေသခံတွေဟာ စစ်ဘေးရှောင်နေကြရပါတယ်။   စစ်ဘေးရှောင်သူအများစုမှာ ဇီးပင်၊ နောင်ပစ်၊ ပန်မလွှတ် စတဲ့ နောင်ချိုမြို့နယ်မှ ကျေးရွာ‌ဒေသခံတွေဖြစ်ပြီး လွန်ခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့ကတည်းက စစ်ရှောင်လာကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက နောင်ချိုမှာ တိုက်ပွဲသံတွေ စဲသွားတာကြောင့်...

TNLA က မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ယက် (TYN) ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ စိုင်းမောဝ်အွန် ကို ဖမ်းဆီးသွားလို့ ရှမ်းလူငယ်အဖွဲ့အစည်းများက ပြန်လွတ်ပေးရန် တောင်းဆို

နိုဝင်ဘာလ ၈ ရက်၊ ၂၀၂၃ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စုမှာ နေထိုင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ယက် (Tai Youth Network) ခေါင်းဆောင် စိုင်းမောဝ်အွန်ကို နိုဝင်ဘာ ၇ ရက် နေ့မှာ TNLA က ဖမ်းဆီးသွားတဲ့ အတွက် ပြည်တွင်းပြည်ပ ရှမ်းလူငယ်အဖွဲ့အစည်းများက...

နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားတဲ့ ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းကို TNLA မှတိုက်ခိုက်သိမ်းပိုက်

နိုဝင်ဘာ ၃ရက်၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း ၊နမ့်ခမ်းမြို့နဲ့ မန့်ဝိန်းကြီးကြား ဆက်သွယ်ထားတဲ့ ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော် TNLAမှတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အတည်ပြုသတင်းရရှိပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအဖြစ်၊ တပ်မဟာ (၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော်မှ ဒီကနေ့ နံနက်ပိုင်း (၆း၅၅)နာရီအချိန်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။  တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ...

Latest articles

spot_imgspot_img