အထွေထွေသတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မိုးသဲထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်အဆောက်အဦးများ ၊ လယ်ယာများ အမြောက်အများ ပျက်စီး

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ ကနေစပြီး မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း နေရာဒေသအများအပြား တောင်ကျချောင်းရေ ၊ ရေကြီးရေလျှံ မှုများကြောင့် လူနေအိမ်အဆောက်အဦး ၊ တောင်ယာလယ်မြေ များစွာ ပျက်စီးလျက်ရှိပြီး လူသေဆုံးမှုများရှိကြောင်းလည်း သိရပါတယ်။ လားရှိုးဒေသခံတစ်ဦးက - “ ဒီရက်ပိုင်းအတွင်း မိုးရွာတာကလည်း...

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် တို့ကို စစ်ကောင်စီ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်

စက်တင်ဘာ ၂၅ ရက်၊ ၂၀၂၃ အကြမ်းဖက်စစ်ကောင်စီက ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တို့ကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ပြီး စိုးထွဋ်ကို အစိုးရ အဖွဲ့ရုံး ဝန်ကြီးရာထူးမှ အနားပေးလိုက်ကြောင်း ယနေ့ ညပိုင်း စစ်ကောင်စီက တရားဝင် သတင်းထုတ်ပြန်ထားသည်။ ယနေ့ည ၈ နာရီ ထုတ်ပြန်သော...

PSLF/TNLA တပ်ဖွဲ့ဝင်များက စယ်လန့်ရှိ ရှမ်း သမိုင်းဝင်ရှေး‌ဟောင်းမြို့ရိုးကို ဖြိုဖျက်ခဲ့တဲ့ လုပ်ရပ်အပေါ် SSPP/SSAမှရှုံ့ချဆန့်ကျင်ကြောင်း ထုတ်ပြန်ကြေငြာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ နယ်၊ စယ်လန့်မှာ ရှိတဲ့ ရှမ်းဧကရာဇ်မင်းကြီး စဝ်ဆေခန်ဖလက်ထက် ကတည်းကတည်ရှိခဲ့တဲ့ သမိုင်းဝင်ရှေးဟောင်းမြို့ရိုးအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များက သြဂုတ်လ ၁၂ရက်နေ့က ဖြိုဖျက်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါလုပ်ရပ်ဟာ လူမျိုးတစ်မျိုးရဲ့ သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်များအား ဖျက်လိုဖျက်ဆီးလုပ်လိုတဲ့ သဘောမျိုးဆောင်တာကြောင့် ယခုလို မထေမဲ့မြင်ပြုမှုတွေဟာ မည်သည့်အကြောင်းမျိုးနဲ့မှ လက်ခံနိုင်စရာ...

ရှမ်းပြည်တောင်ပိုင်းမှ Non CDM ဝန်ထမ်းတွေကို အရံပြည်သူ့စစ် ဖွဲ့စည်းဖို့ စစ်ကောင်စီမှ စာရင်းကောက်ယူနေ

စစ်ကောင်စီလက်အောက်ခံဖြစ်တဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဟာ အရံပြည်သူ့စစ်ဖွဲ့စည်းဖို့ ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ Non CDM ဝန်ထမ်းအင်အားကောက်ယူနေတယ်လို့ သိရပါတယ်။ “ဒီလ ၉ ရက်နေ့က စာထုတ်ပြီးညွှန်ကြားထားတာ။ ချက်ချင်းကြီးစစ်သင်တန်းတက်ရမယ်၊ စစ်တိုက်ရမယ်လို့ ဆိုလိုတာတော့မဟုတ်သေးဘူး စာရင်းဘဲပို့ခိုင်းသေးတာ အဲ့ထဲက ဘယ်အသက်အရွယ်ကနေ ဘယ်အသက်အရွယ်အထိ က စစ်သင်တန်းတက်ဖို့ ထပ်ခိုင်းမယ်။ လိုအပ်လာရင် စစ်တပ်ရဲ့ အရံအင်အားအဖြစ်...

တန့်ယန်းမြို့နယ်တွင် အသက်၁၃ နှစ်အရွယ် ကလေးတစ်ငယ်တစ်ဦးပျောက်ဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့ အမှတ်( (၂) ရပ်ကွက်၊ အုပ်စု(၁၂) မှ အသက်၁၃နှစ်အရွယ် ကလေးတစ်ဦးပျောက်ဆုံး လျက်ရှိပါတယ်။ သြဂုတ်လ ၇ ရက်နေ့ ကတည်းကပျောက်ဆုံးနေတာဖြစ်ပြီး လက်ရှိအချိန်ထိ မည်သည့်သဲလွန်စမှ မသိရသေးဘူးလို့ဆိုပါတယ်။ ပျောက်ဆုံးသူကလေးအမည်မှာ အိုက်မိန်းဖြစ်ပြီး ဦးဆန်ကြတ်+ပါလူ တို့ရဲ့ သားဖြစ်တယ်လို့သိရပါတယ်။ သက်ဆိုင်ရာလူကြီးတွေစိတ်ပူနေတာကြောင့် ကလေးတွေ့ရှိပါက ထိန်းသိမ်းထားပေးပြီး အောက်ပါဖုန်းနံပါတ်တွေကိုဆက်သွယ်ပေးပါလို့လည်းတောင်းဆိုထားပါတယ်။

နိုင်ငံကျော် တေးသံရှင် စိုင်းဆိုင်မောဝ် ရဲ့အစ်ကို ရှမ်းတေးရေးဆရာ စိုင်းလောဝ်ဆိုင်ကွယ်လွန်

နိုင်ငံကျော် တေးသံရှင် စိုင်းဆိုင်မောဝ်ရဲ့ အစ်ကို ရှမ်းတေးရေးဆရာ စိုင်းလောဝ်ဆိုင် အသက် (၈၁) နှစ်ဟာ ယနေ့ည ၆ နာရီ ၂၅ မိနစ်မှာ ကွယ်လွန်သွားခဲ့ကြောင်းသိရသည်။

၂၀,၀၀၀ တန်ဂယက်ကြောင့် တောင်ကြီးမှာ အိမ်ခြံမြေ ဈေး‌ထိုးတက်

ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမြို့မှာ စစ်ကောင်စီရဲ့ ၂၀,၀၀၀ တန် ဂယက်ကြောင့် အိမ်၊ ခြံ၊ မြေဈေးတွေ ထိုးတက်လာတယ်လို့ အိမ်ခြံ‌မြေ အကျိုးဆောင်တွေက ပြောပါတယ်။ စစ်ကောင်စီက ၂၀၀၀၀ တန် ထုတ်‌ဝေမယ်လို့ ကြေညာခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ နောက်ပိုင်းကစကာ အိမ်၊ ခြံ၊...

ထိုင်းနိုင်ငံတွင် ဆေးဝါးကုသမှု ခံယူခဲ့ရသည့် မိုင်းဖုန်းဆရာတော် တာချီလိတ်သို့ ပြန်လည်ကြွရောက်

ထိုင်းနိုင်ငံတွင် ဆေးဝါးကုသမှု ခံယူခဲ့ရသည့် မိုင်းဖုန်းဆရာတော်သည် ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ(၂၂)ရက်နေ့တွင် မြန်မာနိုင်ငံ တာချီလိတ်မြို့နယ် မိုင်းဖုန်းဆရာတော်၏ ကျောင်းတိုက်သို့ ပြန်လည် ရောက်ရှိပြီ ဖြစ်ကြောင်း သိရသည်။ သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရ၏ ကျန်းမာရေးအခြေအနေအရ ၂၀၂၃ခုနှစ် ဇူလိုင်လ(၁၄)ရက်နေ့ ည(၉)နာရီ မိနစ်...

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့ တွင် လက်နက်ကိုင်အဖွဲ့အစည်းအမည်အလွဲသုံးစွဲ၍ ငွေကြေးလိမ်လည်မှုဖြစ်ပွား

ယမနေ့  ၁ . ၁၁ . ၂၀၂၂ နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် အမည်မသိလူတစ်စုမှ KIO/KIA အဖွဲ့စည်းအမည်အလွဲသုံးစွဲ၍ စက်သုံးဆီ ပန့်ဆီဆိုင် နှင့် စတိုးဆိုင် တစ်ချို့ကို ဆက်ကြေးပေးသွင်းရန် ငွေကြေးလိမ်လည်မှုဖြစ်ပွားခဲ့သည်။ တန့်ယန်းမြို့ခံတစ်ဉီးက - “ မနေ့က မနက်ပိုင်း ၈...

Latest articles

spot_imgspot_img