ထူးခြားဖြစ်စဉ်များ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည့်အင်းလေးဖောင်တော်ဦးဘုရားပွဲတွင် စည်တော်တီး ရာမှ စည်ပေါက်ထွက်

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသမှာ ကျင်းပတဲ့ ဖောင်တော်ဦးဘုရားပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးဖြစ်သူတို့ တက်ရောက်ခဲ့ပြီး အင်းလေးဖောင်တော်ဦး ဘုရားပွဲတွင် စည်တော်တီး ရာမှ စည်ပေါက်ထွက်ခဲ့တယ်လို့ ဒေသခံများထံမှ သိရှိရပါတယ်။ အောက်တိုဘာ ၂၁ ရက်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်ဇနီးတို့ ဖောင် တော်ဦးဘုရားပွဲတက်ရောက်ခဲ့ပြီး အောက်တိုဘာ ၁၉ရက်မှာ အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ...

ကျောက်မဲမှတောင်ကျရေအား နတ်ဆေးရေဟုဆိုကာ အလုအယက်ရေသွားချိုးသူများထဲမှ အမျိုးသမီးတစ်ဦး ကျောက်တုံးပေါ်မှ ပြုတ်ကျသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ နတ်ဆေး‌ရေဆိုပြီး နာမည်ကြီးနေတဲ့ တောင်ကျချောင်းရေကို အလုအယက်သွားချိုးနေကြတာကြောင့် အမျိုးသမီးတစ်ဦး ကျောက်တုံးပေါ်မှ ပြုတ်ကျသေဆုံးခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။  ကျောက်မဲမြို့နယ်၊ ကျောက်မဲ - မိုင်းငေါ့လမ်း နမ့်မန်းရွာအနီးမှာရှိတဲ့ တောင်ကျရေတစ်ခုကို နတ်ရေစင် ဟုဆိုကာ လူအများသွားရောက်စု‌ဝေးပြီး ရေချိုးလျက်ရှိကြပါတယ်။ အဆိုပါ တောင်ကျရေမှာ ရေလာချိုးသူတွေနဲ့ ပြည့်နှက်နေပြီး...

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မိုးသဲထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်အဆောက်အဦးများ ၊ လယ်ယာများ အမြောက်အများ ပျက်စီး

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ ကနေစပြီး မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း နေရာဒေသအများအပြား တောင်ကျချောင်းရေ ၊ ရေကြီးရေလျှံ မှုများကြောင့် လူနေအိမ်အဆောက်အဦး ၊ တောင်ယာလယ်မြေ များစွာ ပျက်စီးလျက်ရှိပြီး လူသေဆုံးမှုများရှိကြောင်းလည်း သိရပါတယ်။ လားရှိုးဒေသခံတစ်ဦးက - “ ဒီရက်ပိုင်းအတွင်း မိုးရွာတာကလည်း...

ပင်လောင်းမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား

 ယခုရက်ပိုင်းအတွင်း မိုးတွေအဆက်မပြတ်ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ပင်လောင်းမြို့နယ်ထဲမှာ တစ်ပတ်ကျော်ကြာအောင် မိုးတွေအဆက်မပြတ်ရွာသွန်းနေတာကြောင့် ပင်လောင်းမြို့နယ် အနိမ့်ပိုင်း‌ဒေသတွေ ရေချောင်းနဲ့ နီးတဲ့နေရာတွေဖြစ်တဲ့ ကွက်သစ် ရပ်ကွက်၊ အနောက်ရပ်ကွက်၊ စျေးတန်းရပ်ကွက်တွေရဲ့ အစွန်းမှာ ရေအများဆုံးကြီးနေတယ်လို့လည်း သိရပါတယ်။ “လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကလည်း ရေကြီးရေလျှံတာတွေဖြစ်ခဲ့ဖူးပါတယ် အခုလို ‌ရေပြန်ကြီးတော့ ကျွန်တော်တို့ရဲ့...

သားအမိ နှစ်‌ယောက် မှိုထွက်ရှာရင်း မိုင်းနင်းမိ၊ သားဖြစ်သူ ပွဲချင်းပြီးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းအုပ်စု တောင်တလောင်ကျေးရွာတွင် သြဂုတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်လောက်မှာ တောထဲသို့သားအမိနှစ်ယောက် မှိုရှာထွက်ရင်း အသက် ၁၂ နှစ်အရွယ် သားဖြစ်သူမှာ မိုင်းနင်းမိပြီး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။ သြဂုတ်လ ၂ ရက်နေ့ကလည်း နမ္မတူမြို့နယ် ပင်လုံအုပ်စု ပန်ကိုင်ကျေးရွာတွင်လည်း...

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား တင်ဆောင်လာသည့် ကားနှင့် ကုန်တင်ကား တိုက်မိ၊ မြန်မာနိုင်ငံသား ၅ ဦးသေဆုံး

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်တွင် မြန်မာနိုင်ငံသား တင်လာသည့် ဟိုင်းလပ်စ် ကားနှင့် ကုန်တင်ကားတို့ တိုက်မိရာ ယာဉ်မောင်း ၁ ဦး၊ မြန်မာ ၄ ဉီး အပါအဝင် ၅ ဦး က အခင်းဖြစ်ပွားရာ မှာ ပွဲချင်းပြီး ‌သေဆုံးခဲ့တယ်လို့ တာ့ခ်ခရိုင် အခြေစိုက်...

အမျိုးသားရေး အစွန်းရောက် လီလီနိုင်ကျော်ကို ပစ်သတ်သူဟု စစ်တပ်၏ စွပ်စွဲခြင်းခံရသော ကိုကောင်းဇာနည်ဟိန်း ၏ မိခင်နှင့် အစ်မ ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ ရန်ကင်းတွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သော အမျိုးသားရေး အ စွန်း ရောက် လီလီနိုင်ကျော်ကို ပစ်သတ်သူအဖြစ် စစ်တပ်၏ စွပ်စွဲဖမ်းဆီးမှု ခံရသော ကိုကောင်းဇာနည်ဟိန်း၏ မိခင်နှင့် အစ်မ တို့ကို မဘသနှင့်ပျူစောထီးများက ယမန်နေ့ညပိုင်း ပစ်ခတ်သတ်ဖြတ်သွားကြောင်းသိရသည်။ မေလ ၃၀ ရက်နေ့တွင် အမျိုးသားရေး အမည်ခံ...

Latest articles

spot_imgspot_img