စစ်ရေးသတင်း

RCSS/SSA နှင့် SSPP/SSA တို့ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ထုတ်ပြန်

နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၂၃  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့က အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရရှိထားကြောင်း ကြေညာချက်တစ်စောင်ကို ဒီနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ပူးတွဲထုတ်ပြန်လာခဲ့ပါတယ်။

စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်နေချိန် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ စီးပွားရေးဌာနမှူး ဗိုလ်မှူးတားဆငဉ်းဇာရ် ခေါ် မိုင်းနိုင်သန်းထွန်း ကွယ်လွန်

နိုဝင်ဘာ ၂၉ ရက်၊ ၂၀၂၃ ရှမ်းပြည်မြောက်ပိုင်းမှာ ပြီးခဲ့သည့်အောက်တိုဘာလကစပြီး စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ် တပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်နေချိန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ၏ စီးပွားရေးဌာနမှူးဖြစ်သူ ဗိုလ်မှူးတားဆငည်းဇာရ်ခေါ် မိုင်းနိုင် သန်းထွန်းဟာ ယမနေ့ နိုဝင်ဘာလ ၂၈ ရက်...

ဒေသတွင်းတိုက်ပွဲတွေကြောင့် နေရပ်ပြန်လာတဲ့စစ်ဘေးရှောင်လာသူတွေကို စစ်ကောင်စီမှလားရှိုး မြို့ထဲသို့ဝင်ခွင့်မပြု  

လောက်ကိုင်မြို့မှတဆင့် နေရပ်ပြန်မယ့်ထောင်နဲ့ချီတဲ့စစ်ဘေး ရှောင်တွေဟာ ချင်းရွှေဟော်-ကွမ်းလုံ-သိန္နီလမ်းမှတဆင့် လားရှိုးမြို့သို့ရောက်ရှိလာကြပြီး စစ်ကောင်စီ လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းများက မြို့တွင်းသို့ပေးမဝင်ရုံသာမက မြို့ရှောင်လမ်းကိုပါ ပိတ်ထားကြောင်း သိရသည်။ယခုရက်ပိုင်းအတွင်း လောက်ကိုင်မြို့ကိုဝင်တိုက်တော့မည်ဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ထုတ်ဖော်ပြာကြားပြီးနောက် လောက်ကိုင်မြို့အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ လေကြောင်းနဲ့ပါ အကြိမ်ကြိမ်ပစ်ခတ်နေတာကြောင့် မြို့တွင်းနေ ဒေသခံပြည်သူ...

စစ်ကောင်စီမှလေယာဉ်ပစ်ကူသုံးခုခံနေသည့် လားရှိုးမြို့နယ် မိုင်းကျက်စစ်ကောင်စီစစ်စခန်းကို TNLA မှ တစ်လနီးပါးကြာတိုက်ခိုက်မှုအပြီးမှာသိမ်းပိုက်နိုင်ခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းကျက် စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ညပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း တအာင်းလွှတ်မြောက်ရေးတပ်မတော်(TNLA) သတင်းပြန်ကြားရေးဌာန အရာရှိက ပြောကြားလိုက်ပါတယ်။TNLA တပ်မဟာ(၆)စစ်ဒေသ လားရှိုးမြို့နယ် မိုင်းကျက်စခန်းကို အောက်တိုဘာ ၂၇ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီးတစ်လနီးပါးအကြာ နိုဝင်ဘာ၂၃ရက်နေ့ ညသန်းခေါင်ချိန်တွင် ဝင်ရောက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြိလို့ TNLA သတင်းပြန်ကြားရေးဌာနက အတည်ပြုလိုက်ပါတယ်။ အဆိုပါစစ်ကောင်စီတပ်စခန်းကို TNLAက ပထမအကြိမ်...

တောင်ကြီး​ရောက်စစ်ရှောင်များအား ဧည့်စာရင်း တိုင်ကြားခိုင်းသည့်ကိစ္စ စစ်ဘေးရှောင်များနှင့် ဒေသခံများအား စိုးရိမ်မှုဖြစ်စေ

၁၁-၁၁စစ်ဆင်ရေးကြောင့် ရှမ်း-ကရင်နီ နယ်စပ်တစ်လျှောက်က ဒေသခံတွေဟာ နိုဝင်ဘာ ၁၅ရက်နေ့ကတည်းကစပြီး နေရပ်စွန့်ခွာစစ်ဘေးရှောင်နေကြရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်းကိုတော့ နိုဝင်ဘာ ၁၉ရက်နေ့မှ စစ်ဘေးရှောင်တွေကို တရားဝင်လက်ခံခွင့်ပြုခဲ့တာဘဲဖြစ်ပါတယ်။  သို့ပေမယ့်လည်း ယခုလို စစ်ဘေးရှောင်များအား ဧည့်စာရင်းတိုင်ကြားခြင်းနှင့် ဧည့်စာရင်းစစ်နေခြင်းများဟာ စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေကို စိုးရိမ်စေတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေက ပြောပါတယ်။   အောင်ပန်းမြို့မှ စစ်ဘေးရှောင် ၅၀၀ကျော် နှင့်...

လွိုင်ကော် (ကရင်နီ)စစ်ဘေးရှောင်များကို တောင်ကြီးခရိုင်အတွင်း တရားဝင်စစ်ဘေးရှောင်ခွင့်ပြု

ရှမ်း-ကရင်နီ(ကယား)နယ်စပ်တစ်လျှောက် ၁၁_၁၁ စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့မှ စစ်ဘေးရှောင်လာကြသည့် ပြည်သူများကို ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် တရားဝင်လက်ခံခွင့်ပြုလိုက်ကြောင်း စစ်ဘေးရှောင်အကူညီပေးရေး အဖွဲ့များထံမှသိရသည်။ပြီးခဲ့သည့် ရက်ပိုင်းတွင် အင်းလေးဒေသနှင့် ပင်လောင်းမြို့နယ်တို့၌ ကရင်နီစစ်ဘေးရှောင်များကို လက်မခံကြရန် လော်စပီကာဖြင့် လိုက်လံပြောဆိုနေမှုများ ပြုလုပ်ကြသဖြင့် စစ်ဘေးရှောင် ယာဉ်တန်းများ လမ်းတဝက်နှင့် အခက်အခဲ များစွာဖြစ်ပေါ်ခဲ့ရကြောင်း...

ပင်လုံမြို့မှာ ကယားကိုပို့မည့် လက်နက်ခဲယမ်းအများအပြား ဖမ်းဆီးရမိ

နိုဝင်ဘာလ ၁၈ရက်၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ ပန်မုန့်အုပ်စုအတွင်းမှာ နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်များဖြစ်ကြသည့် KNPP နှင့် PDF တို့ကို ပို့ဆောင်မည့် လက်နက်ခဲယမ်း အများအပြားကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ အဆိုပါ လက်နက်ခဲယမ်းများကို ပင်လုံမြို့ ပန်မုန့်ကျေးရွာအုပ်စု လွယ်တပ်ကျေးရွာနေ...

စစ်ကောင်စီမှ အရပ်ဘက်ဆရာဝန်နှင့် ဆရာဝန်အသစ်များကို စစ်ရာထူး ဗိုလ်အဆင့်ပေး၍ ရှေ့တန်းထွက်ခိုင်း

နိုဝင်ဘာ ၁၆ရက်၊၂၀၂၃ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက အရပ်ဘက်ဆရာဝန်များနှင့် တက်သစ်စ ဆရာဝန်များကို အတင်းအကျပ် စစ်ရာထူး ဗိုလ်အဆင့်‌ပေးပြီး ရှေ့တန်းထွက်ခိုင်းနေတယ်လို့ ဆရာဝန် အချို့ကပြောပါတယ်။   ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဆေးတက္ကသိုလ်များမှ ဘွဲ့ရဖောင်ကြီးသင်တန်းဆင်း အလုပ်သင်ဆရာဝန်များနှင့် ဆရာဝန်အသစ်များကို အတင်းအကြပ်စစ်ရာထူး‌‌‌ပေး၍ ရှေ့တန်းထွက်ခိုင်းကြောင်း ၊ မူလ စတင်ခေါ်ယူချိန်က ဆေးတပ်များနှင့်...

ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ပိန်ဇီးပင်စခန်းရှိ ဧဒင် စားသောက်ဆိုင်ပျက်ဆီး၊ ပါပုတ်ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ပြီးသေဆုံး

နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းညီနောင်မဟာမိတ်တပ် တို့ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပါတယ်။ ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နေ့လည်ပိုင်း ၁၂ ဝန်းကျင်က စပြီး စစ်ကောင်စီတပ်နှင့် ညီနောင်မဟာ မိတ်တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ဧဒင်...

Latest articles

spot_imgspot_img