စစ်ရေးသတင်း

စစ်ဘေးရှောင်များခိုလှုနေသည့် နမ့်ခမ်းမြို ဇေယျသုခဘုန်းကြီးကျောင်း ဗုံးကြဲခံရ

ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြိုတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ် TNLA တို တိုက်ပွဲပြင်းထန် နေပြီး တိုက်ပွဲကြောင့် စစ်ရှောင် နှစ်ရာကျော် ခိုလှုနေကြသည့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ နမ့်ခမ်းမြိုပေါ်က ဇေယျသုခဘုန်းကြီးကျောင်းကို ဒီဇင်ဘာလ ၁၃ရက်နေ့ ညနေပိုင်းတွင်...

စစ်တပ်ပိုင် ရွှေဖီဦးလက်ဖက်ခြောက်စက်ရုံကို တအာင်းတပ်မတော် TNLA သိမ်းပိုက်

ဒီဇင်ဘာလ ၁၄ ရက်၊ ၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြိုရှိ စစ်တပ်ပိုင် ရွှေဖီဦး လက်ဖက်ခြောက်စက်ရုံကို တအာင်းတပ်မ တော် TNLA က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း TNLA က ထုတ်ပြန်ထားသည်။ စက်ရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို TNLA တပ်က ဒီဇင်ဘာ ၁၂ ရက်နေ့က စတင်တိုက်...

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်

ဒီဇင်ဘာလ ၁၃ရက်၊ ၂၀၂၃ ရှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရှိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက် ညနေ ၅ နာရီကစပြီး ယနေ့ထိ တပ်မတော်အချိုခြောက်စက်ရုံတွင် အခြေ ချစခန်းချထားသည့် စစ်ကောင်စီတပ်ကို TNLA တပ်က...

ကိုးကန့်ဒေသ ကုန်းကြမ်းတိုက်ပွဲမှာ ထွက်ပြေးသွားတဲ့ ဗိုလ်မှူးချုပ်အောင်ဇော်လင်း ပစ်သတ်ခံရ

ဒီဇင်ဘာလ ၈ ရက်၊ ၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ ကုန်းကြမ်းတိုက်ပွဲမှာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီရဲ့ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း ပစ်ခတ်ခံရပြီး သေဆုံးသွားပြီလို့ ကိုးကန့်တပ်ဖွဲ့ MNDAA က ယမနေ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ကိုးကန့်ဒေသမှာ...

လောင်ကိုင်မြို့မှာ စစ်ရေးဗျူဟာကျတဲ့ တာရင်တောင်ကို MNDAA တပ်က တိုက်ခိုက်သိမ်းပိုက်၊ လောက်ကိုင်မှာ စစ်ကောင်စီစခန်း ၄ ခုသာကျန်

ဒီဇင်ဘာလ ၇ ရက်၊ ၂၀၂၃ ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့မှာ ရှိတဲ့ အဓိက ဗျူဟာကုန်းတစ်ခုဖြစ်တဲ့ တာရင်တောင် (စေတီကုန်း) ကို ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လောက်ကိုင်ပတ်ပတ်လည် မှာ စစ်ကောင်စီတပ်စခန်း ၄ ခုသာ ကျန်တော့တယ်လို့ သိရပါတယ်။ တာရင်တောင်ကို ၄ ရက်ကြာ...

ကျောက်မဲမြို့နယ် မိုင်းလုံမှာ စစ်ကောင်စီနှင့် PDF အပါအဝင်‌ မြောက်ပိုင်းအဟာမိတ်တို့ တိုက်ပွဲပြင်းထန်၊ PDF ရဲဘော် ၁၃ ဦး ကျဆုံး

ဒီဇင်ဘာလ ၆ရက်၊ ၂၀၂၃ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းလုံဒေသဘက်မှာ စစ်ကောင်စီတပ်နှင့် PDF အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး PDF ရဲဘော် ၁၃ ဦး သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိ ရသည်။ ယမနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ ညနေပိုင်း ၆...

ပြောင်းခင်းထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီးတစ်ဦးပွဲချင်းပြီးသေဆုံး

ဒီဇင်ဘာလ ၁ရက်၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်‌၊ နမ့်ပေါင်တိုက်နယ်တွင် ပြောင်းဖူးခင်းထဲ ပြောင်းချိုးနေသည့် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်၍ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၃၀) ရက်နေ့ နံနက် ၁၁နာရီအချိန်ခန့်တွင် လားရှိုးမြို့နယ်၊ နမ့်ပေါင်တိုက်နယ်ရှိ ဟိုနား ကုန်းသာရွာအနီးက ပြောင်းခင်းတွင် ပြောင်းချိုးနေသည့် အသက် (၂၇) နှစ်အရွယ် နန်းကြည်ဆိုသူမှာ လားရာမသိသော...

ကျောက်မဲ စစ်ကောင်စီတပ် ခလရ- ၅၀၁ ကို TNLA နှင့် မန္တလေး- PDF ပူးပေါင်း ဝင်ရောက်တိုက်ခိုက်

နိုဝင်ဘာလ ၃၀ရက်၊၂၀၂၃ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ စစ်ကောင်စီတပ် ခလရ-၅၀၁ ကို TNLA နှင့် မန္တလေး-PDF တပ်ဖွဲ့တို့ပူးပေါင်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီ ကျောက်မဲမြို့ လွယ်ခွင်တောင်ဘက်ရှိ စစ်ကောင်စီ ခလရ-၅၀၁ တပ်ကို TNLA နှင့်...

နမ့်ခမ်း-စခန်းသစ်ကုန်းက လက်နက်ချဖို့ထွက်ပြေးလာတဲ့ ရဲ ၇ ဦးကို စစ်တပ်က ပစ်သတ်

နိုဝင်ဘာလ ၃၀ရက်၊၂၀၂၃ နမ့်ခမ်းမြို့နယ်မှာရှိတဲ့ စခန်းသစ်ကုန်းကို ညီနောင်မဟာမိတ်တပ်တွေဝိုင်းထားချိန်မှာ လက်နက်ချပြီး အလင်းဝင်ဖို့ ထွက်ပြေးလာတဲ့ ရဲတပ်ဖွဲ့ဝင် ၇ဦးကို စစ်ကောင်စီတပ်တွေက ပစ်ခတ်ခဲ့တာ‌ကြောင့် ၂ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၂၉ရက် နေ့လည်ပိုင်းက TNLA အပါအဝင် မဟာမိတ်တပ်တွေဝိုင်းထားချိန်မှာ ရဲတပ်ဖွဲ့ဝင် ၇ဦးက လက်နက်ချလို‌ေကြာင်း ဆက်သွယ်ပြီး...

Latest articles

spot_imgspot_img