စစ်ရေးသတင်း

လားရှိုးမြို့က ပရိဘောဂဆိုင်တစ်ဆိုင် သေနတ်ပစ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့ ရပ်ကွက် (၈) မှာ ဖွင့်လှစ်ထားတဲ့ FINE ပရိဘောဂဆိုင်တစ်ဆိုင်ကို ယမနေ့ အောက်တိုဘာ ၁၆ရက် ည ၇ နာရီခွဲအချိန်ခန့်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံမှတစ်ဆင့် သိရှိရပါတယ်။  မနေ့ညက လူနှစ်ယောက် ဆိုင်ကယ်တစ်စီးနဲ့ ဆိုင်ရှေ့ရောက်လာပြီး သေနတ်နဲ့...

လဲချားမြို့နယ်က ဒေသခံပြည်သူကို တစ်အိမ်တစ်ယောက်ပြည်သူ့စစ်လုပ်ရန် စစ်ကောင်စီက ခြိမ်းခြောက်ပြောဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ဟိုင်းဆိုင်အုပ်စုမှာ အခြေချလုပ်ရှားနေသည့် စစ်ကောင်စီတပ် ဖွဲ့သည် ဒေသခံပြည်သူကို တစ်အိမ်တစ်ယောက်ပြည်သူ့စစ်လုပ်ရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဒေသ ခံမှတစ်ဆင့် သိရှိရသည်။ အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၇ နာရီအချိန်က လဲချားမြို့နယ် ဟိုင်းဆိုင်အုပ်စု ဟိုင်းဆိုင်စေတီ ကုန်းမှာ အခြေချလုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကန်းအွန်ကျေးရွာအတွင်းရှိ...

ကချင်ပြည်နယ် လုံဂျုံရွာကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီး

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ကချင်ပြည်နယ် ဗန်းမော် - မြစ်ကြီးနား ကားလမ်းမပေါ်ရှိ ဒေါ့ဖုန်းယန်မြို့ အနီးက လုံဂျုံရွာကို အာဏာသိမ်းစစ်ကောင်စီက ညနေပိုင်း ၄ နာရီဝန်းကျင်ခန့်တွင် မီးရှို့ဖျက်ဆီး ခဲ့ကြောင်းသိရပါတယ်။ အာဏာသိမ်းစစ်ကောင်စီ ခမရ ( ၄၁၅ ) စစ်ကြောင်းက ညနေ...

ကွတ်ခိုင်မြို့နယ်မှာ TNLA နဲ့ စစ်ကောင်စီတပ်တို့ တစ်ရက်တည်း ၃ နေရာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA ထုတ်ပြန်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ ယမနေ့အောက်တိုဘာ ၁၃ ရက်နေ့က ၃ နေရာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ဒီကနေ့ ထုတ်ပြန်ထား ပါတယ်။ အောက်တိုဘာလ ၁၃ ရက်၊ မနက် ၁၁ ကျော်ခန့်မှာ ကွတ်ခိုင် ရှုခင်းသာမှာ တစ်ကြိမ်၊...

မူဆယ်မြို့နယ် ခူးဝိန်းကျေးရွာနားက နမ့်ပေါ် တံတားပေါ်ထောင်ထားသည့်TNLAရဲ့ ဖျက်အားပြင်းမိုင်း ပြန်မဖြုတ် သေး

ရှမ်းပြည်နယ် မြောက်ပိုင်း ၊မူဆယ်မြို့နယ် ခူးဝိန်းကျေးရွာအနီး နမ့်ပေါ်ရေကာတာ တံတားပေါ်တွင် ထောင်ထားခဲ့သည့် TNLA ရဲ့ ဖျက်အားပြင်းမိုင်းတွေဟာ ယနေ့ထိ ပြန်မဖြုတ်ပေးတဲ့အတွက်ကြောင့် ဒေသခံတွေက အသွားအလာ အခက်ခဲကြုံနေတာ ဖြစ်ပါတယ်။ အဆိုပါ တံတားပေါ်က မိုင်းဟာ TNLAဘက်က လာထောင်ထားတာဖြစ်ပြီး တစ်ဖက်သုံးလုံးစီနဲ့ အားလုံးပေါင်း ၆ လုံးလာထောင်ထားတယ်လို့...

တနင်္သာရီတိုင်းတွင် NUG လမ်းညွှန်မှုဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ အခြေခံစစ်သင်တန်း ကျင်းပပြုလုပ်

အမျိုးသားညီညွှတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန လမ်းညွှန်မှုဖြင့် တနင်္သာရီတိုင်းတွင် တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အခြေခံစစ်ပညာ သင်တန်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ NUG ရဲ့ One Year Plan အရ နွေဦးကာလမှာ ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန် မြှင့်တင်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး သင်တန်းတွင် သင်တန်းသားဦးရေ...

KIA/KIO ဌာနချုပ်ရှိရာ လိုင်ဇာဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၁၃ ဦး အပါအဝင် ပြည်သူ ၃၂ ဦး သေဆုံး

ကချင်ပြည်နယ် KIA/KIO ဌာနချုပ်ရှိရာ လိုင်ဇာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု ကြောင့် ကလေးငယ်များအပါအဝင် ပြည်သူအများအပြားသေဆုံးခဲ့ကြောင်း လိုင်ဇာဒေသခံ တစ်ချို့ ထံမှ သိရှိရသည်။ ယမနေ့ အောက်တိုဘာလ ၉ ရက်နေ့ ည၁၁ နာရီကျော်အချိန် စစ်တပ်က လက်နက် ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည်သည်...

စစ်ကောင်စီ လက်ကိုင်တုတ်ဖြစ်တဲ့ PNO ပြည်သူ့စစ်က လွိုင်လင်မြို့နယ်မှာ စစ်ဖိနပ်ဖိုး ဆက်ကြေးကောက်နေ

ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်ရှိ ပအိုဝ်းကျေးတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ရုံးစရိတ်နဲ့ စစ်ဖိနပ်ဖိုး ဆိုပြီး ဆက်ကြေး မကြာခဏ ကောက်ခံနေတယ်လို့ လွိုင်လင် ဒေသခံတွေကတဆင့် သိရပါတယ်။ နွေဦးတော်လှန်ရေးမှာ PNO ပြည်သူ့စစ်ဟာ အာဏာသိမ်း စစ်တပ်ရဲ့ လက်ကိုင်တုတ် ဖြစ်လာပြီး စစ်ရေး...

စစ်ကောင်စီနဲ့TNLAတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မူဆယ်မြို့နယ်မှ ဒေသခံများ စစ်ဘေး‌ရှောင်နေရ

စက်တင်ဘာ ၂ရက်၊၂၀၂၃ မူဆယ်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီနဲ့ TNLA တို့ ရက်အနည်းအကြာ တိုက်ပွဲများဖြစ်ပွါးပြီးနောက် မူဆယ်မြို့နယ်က တိုက်ပွဲဖြစ်ပွါးရာ ဒေသခံတွေဟာ အိုးအိမ်တိုက်တာ ပျက်ဆီးဆုံးရှုံးမှုတွေအပြင် စစ်ဘေးမှလွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်ကနေ ယမနေ့ စက်တင်ဘာလ ၁ ရက်နေ့အထိ စစ်ကောင်စီတို့ဘက်မှ မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာအုပ်စုနဲ့...

Latest articles

spot_imgspot_img