နိုင်ငံတကာသတင်း

ရှမ်းပြည်တပ်မတော် SSPP/SSAနှင့် ပလောင်တပ်ဖွဲ့ TNLAတို့ ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွား

စက်တင်ဘာ ၂၃ရက်၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုကျေးရွာအုပ်စုအတွင်း သွားလာလှုပ်ရှားနေတဲ့ ပလောင်တပ်ဖွဲ့ TNLA စစ်ကြောင်းနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSAတို့ဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာ ပစ်ခတ်မှုတွေစတင်ဖြစ်ပွားခဲ့ပြီး ညနေပိုင်းအချိန်မှသာ သေနတ်သံတွေ ရပ်စဲ သွားခဲ့ပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် SSPP/SSAရဲ့ ထိန်းချုပ်မှုနယ်မြေဖြစ်တဲ့...

စစ်ကောင်စီနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်TNLAတို့ မူဆယ်မြို့နယ်အတွင်း တိုက်ပွဲ ထပ်မံဖြစ်ပွား

စက်တင်ဘာ ၁၇ရက်၊၂၀၂၃ အာဏာသိမ်းစစ်ကောင်စီနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAတို့ဟာ စက်တင်ဘာလ လဆန်းပိုင်းကနေ ယနေ့အချိန်ထိ စစ်ရေးတင်းမာမှုတွေနဲ့အတူ တိုက်ပွဲသံတွေပါ ကြားနေရတာဘဲ ဖြစ်ပါတယ်။ ယနေ့ စက်တင်ဘာလ ၁၇ရက်နေ့မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ခမ်းကျေး ရွာအုပ်စုမှာ စစ်ကောင်စီနဲ့ TNLAတို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်။ ဒီကနေ့ နံနက် ၇နာရီ ခွဲဝန်းကျင်ခန့်တွင် လူအင်အား၁၅၀...

ရေတလျောက်စခန်းသိမ်းတိုက်ပွဲမှာ KNU ဘက်က စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း အများအပြားသိမ်း ဆည်းရမိ

စက်တင်ဘာ ၁၆ရက်၊ ၂၀၂၃ ကရင်ပြည် - ထိုင်းနယ်စပ်ရှိ ဒူပလာခရိုင်၊ ကော့ကရိတ်မြို့နယ် ပိုင်ကလန်ကျေးရွာ အနီးတွင်တည်ရှိ သော စစ်ကောင်စီတပ်၏ ရေတလျောက်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်း ရမိခဲ့တယ်လို့ ယမနေ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ KNU ဗဟိုက ကြေငြာချက် ထုတ်ပြန်ထားပါတယ်။ အဆိုပါ...

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်း ရှရုားနိုင်ငံသို့သွားရောက်ရန် အထူးရထားဖြင့် ထွက်ခွာ

စက်တင်ဘာ ၁၃ရက်၊ ၂၀၂၃ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်ရန် အထူးရထားဖြင့် စက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် ပြုံယမ်းမှ ထွက်ခွာခဲ့ကြောင်း Voice of Korea အသံလွှင့်ဌာနက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ အဆိုပါခရီးစဉ်တွင် မြောက်ကိုရီးယား၏ အဆင့်မြင့် ပါတီ၊ အစိုးရနှင့် စစ်ဘက်အရာရှိများ လိုက်ပါကြမည်ဖြစ်ကြောင်း...

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လားရှိုးမြို့သို့ ရောက်ရှိပြီး မြို့အဝင်အထွက် စစ်ဆေးမှု တင်းကျပ်

စက်တင်ဘာ ၁၀ ရက်၊ ၂၀၂၃ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိနေတာကြောင့် မြို့အဝင်အထွက်တွေ စစ်ဆေးမှုတင်းကျပ်နေလို့ ဒေသခံတွေက အခက်ကြုံနေ ရပါတယ်။ စစ်ခေါင်းဆောင်က လားရှိုးမြို့သို့ စက်တင်ဘာ ၈ ရက် ညနေမှာ လေယာဉ်နဲ့ ရောက်ရှိလာတာဖြစ်ပြီး ရှမ်းမြောက်တစ်ခွင်ရှိ ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့...

ကမ္ဘာ့အံ့ဖွယ် စာရင်းဝင် တရုတ်မဟာတံတိုင်းကြီး ဖျက်ဆီးခံရ

စက်တင်ဘာ ၇ ရက်၊ ၂၀၂၃ တရုတ်နိုင်ငံရဲ့ ကမ္ဘာ့အံ့ဖွယ် စာရင်းဝင်မဟာတံတိုင်းကြီးကို ဖြတ်ပြီးလမ်းဖောက်ဖို့အတွက် လူတစုက မြေတူးစက် နဲ့ တူးခဲ့တဲ့အတွက် မဟာတံတိုင်းရဲ့ အပိုင်းတပိုင်း ပျက်စီးသွားခဲ့ပါတယ်။ ယူယုမြို့နယ် ပြည်သူ့လုံခြုံရေးဗျူရိုကနေ ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာ ရှူးကျိုးမြို့နားက မဟာတံတိုင်းရဲ့ အပိုင်းတပိုင်းကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ဖုန်ထူနေတဲ့ လမ်းတလမ်းနဲ့ မဟာတံတိုင်းရဲ့...

ညောင်ဦးမြို့တွင် ကင်းလှည့်နေသော စစ်တပ်Double Cab ကား မိုင်းထောင်ဖောက်ခွဲခံရ၊ ၁ ဦးသေဆုံး ၃ဦးဒဏ်ရာရ

စက်တင်ဘာ ၅ရက်၊၂၀၂၃ မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင် ကင်းလှည့်နေသော စစ်တပ် Double Cab ကား လာသည့် လမ်းပေါ်တွင်ပင် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး ဗိုက်ပေါက်သေဆုံးပြီး စစ်သား ၂ ဦးနှင့် ပြည်သူ ၁ ဦး စုစုပေါင်း ၃ ဦးဒဏ်ရာရရှိကြောင်း...

ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း နှစ်ခုကို စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ ဒေသခံပြည်သူ တစ်ဦးသေဆုံး

သြဂုတ် ၃၁ရက်၊ ၂၀၂၃ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းနှစ်ခု ကို ယနေ့ သြဂုတ်လ ၃၁ ရက် မနက်အစောပိုင်းအချိန်တွင် စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဒီးမော့ဆို အရှေ့ခြမ်းရှိ စစ်ဘေးရှောင်စခန်းကို ယနေ့ မနက် ၆ နာရီ...

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က စစ်ပွဲဆင်နွှဲရေး အသင့်ပြင်ထားဖို့ ညွှန်ကြား 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က စစ်တပ် ထိပ်တန်းဗိုလ်ချုပ်ကြီးကို ရာထူးမှထုတ်ပယ်ကာ စစ်ပွဲဆင်နွှဲရေး ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့၊ စစ်လက်နက်ထုတ်လုပ်မှု တိုးမြှင့်ဖို့နဲ့ စစ်ရေးလေ့ကျင့်မှုတွေ တိုး ချဲ့ဖို့ ညွှန်ကြားခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြပါတယ်။ယနေ့ပြုလုပ်တဲ့ အလုပ်သမားပါတီ ၈ ကြိမ်မြောက် ဗဟိုစစ်ဘက်ကော်မရှင်ရဲ့ အစည်းအဝေးမှာ ကင်ဂျုံ အန်က...

Latest articles

spot_imgspot_img