စစ်ရေးသတင်း

ကွတ်ခိုင်မြို့အနီး စစ်ကောင်စီနဲ့ KIA တိူ့ တိုက်ပွဲဖြစ်ပွားဒေသခံ ၁၅ နှစ်အရွယ် ကောင်လေး လက်နက်ကြီးထိပြီး သေဆုံး

ဇူလိုင်လ 18ရက်နေ့ ညနေပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ အနီးက နမ့်ဖတ်ကာကျေးရွာအနီးကို ဇီးဒဘန်ရွာက အသက် ၁၅ နှစ်အရွယ် ဒေသခံ ယောက်ျားလေးတစ်ဦး စစ်ကောင်စီဘက်ကပစ်တဲ့လက်နက်ကြီးထိလို့ သေဆုံးခဲ့ပြီး နောက်ထပ်လူ ၄ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ အခြေအနေသိရှိသူ ဒေသခံတစ်ဦးကပြောပါတယ်။ သေဆုံးတဲ့ အသက် ၁၅နှစ် ကလေးငယ်ဟာ...

ရှမ်း – ကယားနယ်စပ်တွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းထောက်ပို့ယာဉ်ကို PDFများ က သိမ်းဆည်း ရရှိ

ရှမ်း - ကယားနယ်စပ် ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်၏ ထောက်ပို့ယာဉ်တစ်စီးကို တော်လှန်ရေးတပ်များက သိမ်းဆည်း ရရှိခဲ့ကြောင်း PDF ၁၀၀၈ တပ်ရင်း(SSRY)ထံမှ သိရသည်။ ဖယ်ခုံမြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း ထောက်ပို့ယာဉ်ကို ညွှန်တော်မူဘုရားနှင့် ထိုင်တော်မူဘုရားအကြား လမ်းဆုံ၌ တော်လှန်ရေးတပ်များက ၂၀၂၃ခုနှစ် ဇူလိုင်လ(၉)ရက်နေ့တွင် မိုင်းဆွဲပြီး...

KNDO ဌာနချုပ်တွင် ၇၆ နှစ်မြောက် ကရင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ဌာနချုပ်တွင် ၇၆ နှစ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ နေ့ အခမ်းအနားကို ယမနေ့ ‌ဇူလိုင်လ ၁၆ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားကို KNU ထိပ်ပိုင်း ခေါင်းဆောင်များ၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ထိပ်ပိုင်းခေါင်းဆောင်များ၊...

တိုက်ပွဲမှာ ခြေ ၊ လက် ဆုံးရှုံးခဲ့သော ရဲဘော်များကိုစစ်ကောင်စီက ငပလီနှင့် ချောင်းသာအပန်းဖြေခရီး လိုက်ပို့ဇွန်လ ၁၂ရက်၊ ၂၀၂၃

တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရခဲ့သော ခြေပြတ် လက်ပြတ်ဖြစ်ခဲ့သော အရာရှိများနှင့် ရဲဘော်များကို စစ်ကောင်စီက အနားယူအပန်းဖြေခရီးစဉ်အဖြစ် ငပလီကမ်းခြေနှင့် ချောင်းသာကမ်းခြေကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်‌က ပို့ဆောင်ပေးခဲ့တယ်လို့ စစ်ကောင်စီ၏ သတင်းဖော်ပြချက်များအရ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေကို ရောက်ရှိလာသည့် အရာရှိများနှင့် ရဲဘော်များကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်...

ကသာမြို့နယ်၊ ဒိုးပင်ကျေးရွာတွင် ပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး အလောင်းများတွင် PDF ဝတ်စုံဝတ်ဆင်ပေး

စစ်ကိုင်းတိုင်း ကသာမြို့နယ် ဒိုးပင်ကျေးရွာတွင် နေထိုင်သော အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး ကျေးရွာကို မီးရှို့ခဲ့ကြောင်း သိရသည်။ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်က ကသာမြို့နယ် ဒိုးပင်ကျေးရွာ ကို ဝင်ရောက်ကာ ကျေးရွာကို မီးရှို့ခဲ့ပြီးနောက် ရွာဦးဘုန်းကြီးကျောင်းတွင် အသက် ၄၀ နှင့်...

နတ်သံကွင်းတိုက်ပွဲတွင် ရဲနှင့်စစ်သား ၁၀ ဦးထက်မနည်း သေဆုံး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့တွင်ရဲစခန်းကို ဦးတည်တိုက်ခိုက်သည့် တိုက်ပွဲမှာ ရဲနဲ့ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးတယ်လို့ ရိုးမ PDF က ထုတ်ပြန်ပြောဆိုထားပါသည်။ ကရင်အမျိုးသားအစည်းအရုံး- KNU လက်အောက်ခံ တပ်ရင်း KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး နတ်သံကွင်းရဲစခန်း၊ နတ်သံကွင်းမြို့နှင့် ကျောက်ကြီးမြို့ကို...

စစ်ကောင်စီနှင့် ‌မဟာမိတ် ၃ ဖွဲ့တို့ မိုင်းလားမြို့တွင် တွေ့ဆုံ ဆွေးနွေးပြီးနောက် သိန္နီမြို့နှင့် လားရှိုးမြို့တွင် တိုက်ပွဲပြင်းထန်

ရှမ်းပြည်နယ်‌‌ ၊လားရှိုးမြို့နယ်၊ လွယ်ဝိန်းတောင်တွင် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီ၏ တိုက်ခိုက်ရေးရဟတ်ယာဉ်များ ပျံဝဲနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ဇွန်လ ၅ ရက်နေ့ နံနက် ၄ နာရီအချိန်မှစတင်ပြီး လားရှိုးမြို့နယ် အထက်မန်အိုင် လွယ်ဝိန်းတောင်အနီး အပြန်အလှန် ပစ်ခတ်သံများ၊...

Latest articles

spot_imgspot_img