အစ္စရေးအနေနဲ့ အီရန် ရေနံတွင်းကို မတိုက်ခိုက်ဖို့ အမေရိကန်သမ္မတ တိုက်တွန်း

Shan State Channel
အောက်တိုဘာလ၊ ၅ ရက်၊ ၂၀၂၄

အီရန်ဘက်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ ညပိုင်းမှာ အစ္စရေးဘက်ကို ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံးကျည် ၂၀၀ လောက်နဲ့ ပစ်ခတ်တဲ့နောက် အစ္စရေးနဲ့ အီရန်ရဲ့ ဒေသတွင်း မဟာမိတ်အဖွဲ့တွေကြား တနှစ်ကြာ ပဋိပက္ခ အခြေနေဟာ အရှိန်အမြင့်ဆုံး ရောက်ရှိသွားတာ ဖြစ်ပါတယ်။

Photo Credit. Local

အီရန်ရဲ့ မစ်ဇိုင်းဒုံးနဲ့ တိုက်ခိုက်မှုအတွက် ဘယ်လိုတုန့်ပြန်မယ်ဆိုတာကိုလည်း အစ္စရေးဘက်က မဆုံးဖြတ်ရသေးကြောင်းနဲ့ အစ္စရေးအနေနဲ့ အီရန်ရဲ့ ရေနံတွင်းတွေကို မထိခိုက်စေဖို့ စဉ်စားသင့်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အောက်တိုဘာလ ၄ ရက်နေ့ မနေ့က အိမ်ဖြူတော် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

အီရန်ကို ဘယ်လို့တုန့်ပြန်သွားမယ်ဆိုတာကို အစ္စရေးဘက်က စဉ်းစားပြီးချိန်မှာ အစ္စရေး အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့လည်း ရှိနေကြောင်း ပြောပါတယ်။ အမေရိကန်အနေနဲ့ ဆိုရင်တော့ အီရန်ရဲ့ ရေနံတွင်းတွေ အစား တခြားပစ်မှတ်ကိုရွှေးဖို့ စဉ်းစားမှာဖြစ်ကြောင်း ပြောပါတယ်။

အီရန်ရဲ့ မစ်ဇိုင်းဒုံးကျည်တွေ ပစ်ခတ်မှုအတော်များများကို အမေရိကန်ရေတပ်က ကြား၀င်ဖျက်ထုတ်ပေးခဲ့တာ ဖြစ်ကာ အစ္စရေးအနေနဲ့ အီရန်သာမက တခြားဟက်ဇ်ဘိုလာတို့ ဟူသီလက်နက်ကိုင် အဖွဲ့တို့လို ဘယ်သူကပဲ တိုက်ခိုက်လာလာ ပြန်တုန့်ပြန်ခွင့် ရှိတယ်လို့ သမ္မတဂျိုးဘိုင်ဒန်က ပြောပါတယ်။ အရပ်သားဘက်က ထိခိုက်သေဆုံးမှု မရှိဖို့အတွက်တော့ သတိထားဖို့ လိုတယ်လို့ ပြောပါတယ်။

အီရန်ခေါင်းဆောင်ကြီး Ayatollah Ali Khamenei က အစ္စရေးနဲ့ ပတ်သက်ပြီး နောက်ဆုတ်ပေးမှာ မဟုတ်ကြောင်း အောက်တိုဘာလ ၄ ရက်နေ့ မနေ့က ၀တ်ပြုဆုတောင်းသူတွေနဲ့ အတူ Mosalla ဗလီ-၀တ်ပြုပွဲကို ရှားရှားပါးပါး တက်ရောက်လာပြီး ပြောကြားခဲ့တဲ့နောက် အခုလို သမ္မတဂျိုးဘိုင်ဒန်က ပြောကြားခဲ့တာဘဲ ဖြစ်ပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img