လောက်ကိုင်မြို့ကို စစ်ကောင်စီဘက်က လေကြောင်းရင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
ယနေ့ မနက်ပိုင်း ၁ နာရီခွဲချိန်တွင် စကစ ဘက်က လောက်ကိုင်မြို့ပေါ် တုံဆင်ရပ်ကွက်ကို လေယဥ်နဲ့ထပ်မံပစ်ခတ်ပြီး ထိခိုက်မှုရှိမရှိတော့ မသိရှိရေသးကြောင်း shan state channel အနေနဲ့ ဆက်လက်စုံစမ်းနေပါသည်။
Photo Credi. Local
“ဟုတ်ပါတယ် ငါတို့အနီးနားလောက်လိုလို လေယဥ်လာရပ်ပြီး ပစ်ခဲ့တာ တုံဆင် ဘက်တို့ ပစ်သွားခဲ့တာ သူတို့က ဒီတစ်ခေါက် ဗုံးတော့လာမကြဲဘူး လေယဥ်ပေါ်ကနေ သေနတ်ကြီးဖြင့် ပစ်ခတ်တာ” လို့ လောက်ကိုင်ရှိဒေသခံတစ်ဦးက Shan State Channel သတင်းဌာနကိုပြောပြပါသည်။
၁၀၂၇ ဒုတိယပြီးခဲ့နောက်ပိုင်းမှာ လောက်ကိုမြို့ MNDAA ထိန်းချုပ်ထားနဲ့နယ်မြေကို စကစ ဘက်က လေယဥ်နဲ့ဗုံးမကြာခဏကြဲခဲ့လို့ ဒေသခံတွေ အနည်းစုနေရဲပေမယ့် အများစုက အပြင်ဘက်ထွက်ဘေးသိမ်းရှောင်နေရတယ်လို့ သိရပါသည်။