မန်ကတ်စခန်းကနေ စကစဘက်က လက်နက်ကြီးပစ်ခတ် နမ့်ပေါင်သို့ကျရောက်ပေါက်ကွဲ အရပ်သားသေဆုံး

Shan State Channel
စက်တင်ဘာလ၊ ၂၃ ရက်၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ် မန်ကတ်ရွာတပ်စခန်းကနေ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့ပြီး နမ့်ပေါင်ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား (၂)ဦးသေဆုံးခဲ့ကြောင်း Shan State Channel မှစုံစမ်း သိရှိရသည်။

စစ်ကောင်စီက (၁၅၅) မမ လက်နက်ကြီးဖြင့် နမ့်ပေါင်ရွာအတွင်းသို့ ယမန်နေ့က နေ့လည် ၁၂နာရီ ၄၀မိနစ်တွင် (၅)လုံး တကြိမ် နှင့် နေ့လည် ၂ နာရီ ၅ မိနစ်တွင် (၃) လုံး တကြိမ် စုစုပေါင်း (၈) လုံး ပစ်ခတ်ခဲ့တာကြောင့် ရပ်ကွက် (၅) စေတီဘုရားကျောင်း လယ်ကွင်းပတ်လည်အနီးသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး တအာင်းအမျိုးသား (၂) ဦး ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

⠀Photo Credit. Local

နမ့်ပေါင်အနီး ဒေသခံတစ်ဦးက “ မနေ့က နေ့လည် ၁၂ နာရီ ၄၀ မိနစ်မှာတကြိမ် နောက် ၂ နာရီ ၅ မိနစ် တကြိမ် ပထမ တကြိမ်က (၅)လုံး၊ နောက်ထပ် တကြိမ်မှာ (၃)လုံး ပစ်တာ၊ ဗုံးကျပေါက်ကွဲတာ နမ့်ပေါင်ရွာ ရပ်ကွက် (၅) စေတီဘုရားကျောင်းနားက လယ်ကွင်းနားလေးတစ်ချို့မှာ စုစုပေါင်း (၈) လုံး ဗုံးကျခဲ့ပါတယ်၊ အဲ့နားနေတဲ့ တအာင်းအမျိုးသား နှစ်ဦး လက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားတယ်”ဟု ပြောဆိုသည်။

လက်ရှိ မိုင်းရယ်မြို့နယ် ဟိုယ ဘက်မှာတော့ တည်ငြိမ်နေပြီး ဒေသခံပြည်သူများ မိုင်းရယ် လားရှိုး လမ်းပေါ် သွားလာလို့ရပေမယ့် နှစ်ဖက်စစ်ရေးတင်းမာမှုကတော့ မြင့်တင်နေပြီး ကိုးကန့်တပ်ဖွဲ့ (MNDAA)ဘက်က ၎င်းတပ်သားများ ဆုတ်ခွာမှုမရှိသေးလိုကြောင်း စစ်အင်းအား အများအပြား ဖြည့်တင်းတာတွေ မရှိသေးသလို၊ စစ်ကောင်စီဘက်ကတော့ မိုင်းရယ်မြို့နယ် ပတ်ဝန်းကျင်မှာ (MNDAA) တပ်အင်အားတည်ရှိသို့နေရာများကို စစ်အင်အား ထောင်နှင့်ချီ ဖြန့်ကျက်နေရာယူထားကြောင်း သိရသည်။

၎င်းအမည်မဖော်လိုဒေသခံတစ်ဦးက “မိုင်းရယ်မြို့ဘက်မှာ စစ်ကောင်စီ စစ်အင်အား (၁၀၀၀)ကျော် ဖြည့်တင်းတာတွေရှိနေတယ်။ ဟိုယ လွိုင်လိန်းပန့်ဆီဆိုင် အနီးတစ်ဝိုက် စစ်ကြောင်းဖြန့်ကျက်နေရာယူပြီး၊ ကိုးကန့်ဘက်ကတော့ စစ်အင်အားဖြည့်တင်းတာရှိမရှိကိုတော့ မသိရသေးဘူး။ နမ့်ပေါင်ဘက်မှာတော့ စစ်ကောင်စီတွေမရှိတော့ဘူးလို့ “ ဆက်ပြောသည်။

ယခုလက်ရှိမှာတော့ မိုင်းရယ်မြိုနယ်ကို MNDAA၊ UWSA၊ SSPP အပါအ၀င် စစ်ကောင်စီတပ်တို့ လက်နက်ကိုင်တပ်ဖွဲ့များ သွားလာလှုပ်ရှားနေသည့် နယ်မြေတစ်ခုဖြစ်သည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img