စစ်ကောင်စီက နမ့်ပေါင်ရှိ (MNDAA)ကို လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက် ထိခိုက်ကျဆုံးမှုများ

Shan State Channel
စက်တင်ဘာလ၊ ၁၁ ရက်၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် နမ့်ပေါင် နမ္မကျောက်မီးသွေး ကိုးကန့်တပ်ဖွဲ့(MNDAA)ကို စစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင်း (MNDAA)ဘက်က ထိခိုက်ကျဆုံးမှု များပြားပြီး အဆိုပါ မိုင်းရယ်မြို့ဘက်တွင်လည်း နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သိရသည်။

Photo Credit. Local

ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်း ၁ နာရီခွဲ့ အချိန်နဲ့ ( ၁၀း၃၀)အချိန်တွင် စစ်ကောင်စီတပ်က အမှတ် ၃ ကျောက်မီးသွေးတွင်း ဒီဇင်ဘာရွာအနီး ကိုးကန့်တပ်ဖွဲ့(MNDAA) တပ်စခန်းကို လေကြောင်းဖြင့် ဗုံး (၅)လုံးကြဲတိုက်ခိုက်ခဲ့ပြီး နမ္မအုပ်စု ၀မ်နားနန်းရွာ အရှေ့ဘက်မှာရှိသည့် ရေကာတာကို ထပ်မံဗုံးကြဲလို့ကြောင်း (MNDAA)ဘက်က ထိခိုက်ကျဆုံးမှုများပြားကြောင်း သိရသည်။

နမ့်ပေါင် ဒေသခံတစ်ဦးက” စစ်ကောင်စီ လေကြောင်းနဲ့ ကိုးကန့်တပ်ဖွဲ့(MNDAA)နှစ်နေရာ လာကြဲသွားတာပါ။ အမှတ် ၃ ကျောက်မီးသွေးတွင်း ဒီဇင်ဘာရွှာအနီး (၅)လုံးကြဲသွားတာ (၅)လုံးစလုံးပေါက်ကွဲတယ်။ နမ္မအုပ်စု ၀မ်နားနန်းရွာ ရေကာတာမှာ (၁)လုံးပေါက်ကွဲတယ်။
ပြီးတော့ နားနန်းရွာဘက်မှာလည်း ၁ လုံးကျတယ်။ကိုးကန့်တပ်သားတွေ ထိခိုက်ဒဏ်ရာရတဲ့ တပ်သားတွေကို သံလွင်ကျေးရွာဘက်တို့ သယ်သွားတယ်”။

Photo Credit. Local

နမ့်ပေါင် နမ္မကျေးရွာတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိုင်းရယ်မြို့နယ် မြောက်ဘက်ရှိ ၀မ်စန့်ကျေးရွာအုပ်စု ကုန်း၀ပ်ကျေးရွာကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ဘက်ကလည်း စစ်အင်းအားဖြည့် တင်းနေပြီး နှစ်ဘက် စစ်ရေးတင်းမာနေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့တွင် ကိုးကန့်တပ်ဖွဲ့(MNDAA)က ကုန်း၀ပ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကုန်း၀ပ်ကျေးရွာနှင့် လုပ်ခိုက်ကျေးရွာ အပါအ၀င် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img