မနေ့ ဇွန်လ ၃၀ ရက်ညဘက် ၁၁ နာရီခွဲ ဝန်းကျင်အချိန်၌ TNLA နေရာချထားသည့် ကျောက်မဲမြို့ နယ်အတွင်း One Love Hotel မှာ စကစမှ လေယဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက်ကြောင့် ဟိုတယ် မီးလောင်ပျက်စီးပြီး TNLA ဘက်က အများအပြားကျဆုံးခဲ့ကြောင်း သိရပါသည်။
Photo Credit. Owner
“ ဟုတ်ပါတယ်ဗျ စကစ က One Love Hotel မှာ လေယာဉ်နဲ့ဗုံးကျဲသွားတာ။ အဲ့မှာနေရာယူထားတဲ့ TNLA တပ်ဖွဲတွေ တော်တော်ထိသွားတယ်။ ဒီနေ့ပဲ ကားနှစ်စီးနဲ့ သယ်သွားတယ် ဒဏ်ရာရ တာတွေရော သေတာ တွေရောပေါ့” မျက်မြင် ဒေသခံတစ်ဦးက ပြောဆိုပါသည်။
၅၀၂ တပ်စခန်း အနီးနားမှာရှိသည့် လွိုင်စဝ်ခွန်တောင်ပေါ်က စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း ပြီး ခဲ့သည့် ဇွန်လ ၂၉ ရက်နေ့မှာ TNLA ဘက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း ကျဆုံးမှုများလွန်းသည့်အတွက်ကြောင့် ၎င်းတပ်စခန်းကို မသိမ်းနိုင်သည့်အပြင် နောက်ပြန်ဆုတ်ပေးရတယ် လို့ ဒေသခံကပြောသည်။
“စကစ ထိုင်ထားတဲ့ လွိုင်စဝ်ခွန်တောင်ကို TNLA က ဝင်တိုက်တာ။ အဲ့တောင်က အရမ်းမြင့်လို့ မတိုက်နိုင်ခဲ့ ဘူး TNLA ဘက်ကျတာများတယ်။ လွိုင်စဝ်ခွန်တောင်အောက်က တစ်ချို့အလောင်းတွေဆို မကောက်လိုက် ဘူး တော်တော်များတယ်” လို့ ဒေသခံက ဆက်ပြောသည်။
ကျောက်မဲမြို့နယ်အတွင်း TNLA နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားမူကြောင့် ဒေသခံနေအိမ်အဆောက် အဦး များထိခိုက်ပျက်စီးပြီး ဒေသခံအချို့ ထိခိုက် သေဆုံးမူ့များခဲ့သည့်အပြင် လက်ရှိအချိန်ထိ စစ်ဘေးရှောင် ပြည်သူများ (၈၀၀၀) ဝန်းကျင်ထိ ရှိနေပြီလို့ သိရှိရပါသည်။