ဇူလိုင်လ၊ ၁ ရက်နေ့ ၊ကျောက်မဲ
ရှမ်းပြည်နယ် မြောက်ပိုင်း၊ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီတပ်နှင့် TNLA + ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ပြည်သူ ၈၀၀၀ နီးပါးသည် နီးစပ်ရာ ဆွေမျိုးများနှင့် ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါသည်။
Photo Credit. Owner
ပြီးခဲ့တဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယ လှိုင်းအတွင်း စစ်ကောင်စီ ဘက်က လေကြောင်းနှင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းများ လုပ်ဆောင် နေတာကြောင့် ကျောက်မဲမြို့ နှင့် အနီး ပတ်၀န်းကျင်ရှိ ကျေးရွာ ဘုန်းကြီးကျောင်းများတွင် ပြည်သူများ အယောက် (၈၀၀၀) နီးပါး စစ်ဘေးရှောင်နေကြရကြောင်း ဒေသခံတွေဆီက သိရသည်။
Photo Credit – Owner
ယနေ့အချိန်ထိ ရရှိထားသည့် စစ်ဘေးရှောင်စာရင်းများသည် ကျောက်မဲမြို့နယ် နားပြိန်ဘုန်းကြီးကျောင်း တွင် စစ်ဘေးရှောင် ပြည်သူ (၂၀၀၀) ကျော်၊ ခိုအုံ ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ပြည်သူ (၆၀၀) ကျော် ၊ နောင်ပိန် အောင်ဓမ္မာရုံကျောင်းနှင့် ရှမ်းစာပေ ယဉ်ကျေးမှု ခန်းမတွင် စစ်ဘေးရှောင် ပြည်သူ (၉၀၀) ကျော်၊ ခိုမိုးဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ပြည်သူ (၂၀၀) ကျော် ၊ ချောင်းချောက်ကျောင်းတိုက်တွင် စစ်ဘေး ရှောင် ပြည်သူ (၉၀၀) ကျော် ၊ နောင်ပိန်လေးဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ပြည်သူ (၆၀၀) ကျော် ၊ ခိုတင့်ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ပြည်သူ (၄၀၀) နီးပါး ၊ ခဲမွန်ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ပြည်သူ (၈၀၀) နီးပါး ၊ ပုံဝိုးဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ပြည်သူ (၁၄၀၀) ကျော် ၊ကျွဲကုန်းဘုန်းကြီး ကျောင်းတွင် စစ်ဘေးရှောင် ပြည်သူ (၁၀၀) ကျော် နှင့် အချို့မှာလည်း နီးစပ်ရာဆွေမျိုးများ နေအိမ်တွေမှာ တိမ်းရှောင်နေရပြီး အရေးပေါ် စောင်၊ ခြင်ထောင်၊ အ၀တ်အစားတို့ လိုအပ်နေကြောင်း သိရှိရပါသည်။