‘ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေ မြို့ ကို ထွက်ပြေးစွန့်ခွာနေရ


ဇူလိုင်လ ၊ ၆ ရက် ၊ ၂၀၂၄


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ စစ်ကောင်စီနှင့်ကိုးကန့်တပ်ဖွဲ့ MNDAAတို့ တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုတွေ ရှိလာနောပြီးနောက် ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့ကစပြီး မြို့ခံတစ်ထောင်ထက်မနည်း မြို့ကနေ ထွက်ခွာနေကြရပြီး ကားတွေလည်း ရာနှင့်ချီပြီး ပိတ်မိနေတယ်လို့ ဒေသခံတွေဆီက သိရသည်။

Photo Credit. Local


ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နှင့် မန္တလေးမြို့ကို အများဆုံးထွက်ခွာနေကြတာဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သူတွေ များတာကြောင့် ဇူလိုင်လ ၆ရက်နေ့ ဒီမနက်အထိ လမ်းမှာ ကားတွေပိတ်မိနေတယ်လို့ မြို့ခံတစ်ဦးက Shan State Channel ကိုအခုလို ပြောပြသည်။


“မနေ့ကကတည်းက ကားတန်းစီနေရတာ တော်တော်များတယ် အခုချိန်ထိပဲ၊ ကားတွေ ထောင်ချီကျော်တယ်။ အခုက သီပေါနဲ့ လားရှိုးကြ ားမှာရှိတဲ့ စဉ့်အင်ချောင်းကို စက်လှေနဲ့ပဲ ကားတွေကို ကူးနေရတော့ အဲမှာက တစ်ခါကူးရင် နှစ်စီးပဲ ကူးနိုင်တယ်လေ။ တစ်နာရီမှ ရှစ်စီးလောက် eပဲ ကူးနိုင်တော့ အဲ့မှာ ကားတွေ ပြုံနေလို့ ဒီဘက်က ကားတွေ မလွှတ်ဖို့ပြောလို့ အခုက အထွက် ပိတ်ထားတယ်။ အခုလားရှိုးမှာ ကားတန်းစီးနေတာက တော်တော်များတယ်”လို့ မြို့ခံတစ်ဦးက ပြောဆိုသည်။


ဒီနေ့မနက်အစောပိုင်းကြတော့ လားရှိုးမြို့အနီးမှာ လက်နက်ကြီးသံ၊ သေနတ်သံမကြားရသေးလို့ အဲ့ချိန်ထွက်မှရမှာလို့ မြို့ခံတစ်ဦးက ဆက်ပြောပြပါသည်။


“အခုက စစ်ကောင်စီတပ်တွေက နည်းနည်းတော့ ဆုတ်လာပြီ။ သိန္နီမြို့လမ်းဘက် နမ်တွန်းဘက်လည်း ၁၂ မိုင် လောက်ထိ နီးလာပြီ အစဖြစ်တဲ့အချိန်တော့ ၁၆ မိုင်အကွာလောက်မှာ ဖြစ်တာ”စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေကြောင့် လားရှိုးမြို့တိုက်ပွဲ သုံးရက်အတွင်း အရပ်သားပြည်သူ ၁၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရထားသူတွေလည်းရှိတယ်လို့ လူမှုကူညီရေးအဖွဲ့ နှင့်ဒေသခံတွေက ပြောပါသည်။


ဒီကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ်သိရဖို့အတွက် စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်မှာရှိသည့် ပြောခွင့်ရသူ ပြည်နယ်စီးပွားရးဝန်ကြီးဦးခွန်သိန်းမောင်ကိုShan State Channel က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။


ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကစပြီး လာရှိုးမြို့ရှိ အာဏာသိမ်း စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) အခြေစိုက်သည့် တပ်စခန်းကို ကိုးကန့်တပ်ဖွဲ့ (MNDAA)နှင့် ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေပြီး လားရှိုးမြို့အပြင်မှာလည်း တိုက်ပွဲဖြစ်ပွားနေပါသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img