ဒုတိယနေ့ နမ့်ပေါင် တိုက်ပွဲအတွင်းက လေကြောင်းသုံးတိုက်ခိုက်မူကြောင့် ဒေသခံအဆောက်အဉီးများ ထိ ခိုက်ပျက်စီး

ဒုတိယနေ့ နမ့်ပေါင် တိုက်ပွဲအတွင်းက လေကြောင်းသုံးတိုက်ခိုက်မူကြောင့် ဒေသခံအဆောက်အဉီးများ ထိ ခိုက်ပျက်စီး
ဇွန်လ ၄ ရက်နေ့ ၂၀၂၄

Photo Credit. Local
လားရှိူးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စုမှာ ဒုတိယနေ့မြောက်အဖြစ် ယနေ့ နံနက်ပိုင်းမှာ တိုက်ပွဲထပ်မံဖြစ် ပွားပြီး ကိုးကန့်တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့နှစ်ဖက် အပြန်အလှန် ဗုံးကျဲတိုက်ခိုက်သည့်အတွက်ကြောင့် ဒေသ ခံ ပြည်သူလူထုနေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးမှု ရှိနေကြောင်း သတင်းရရှိထားပါသည်။

ယနေ့ ဇွန်လိုင်လ ၄ ရက် မနက်ပိုင်း ၄ နာရီချိန်မှာ ကိုးကန့် တပ့်ဖွဲ MNDAA မှ Drone များဖြင့် စစ်ကောင်စီ ၏ နမ့်ပေါင်တပ်စခန်းကို ဒုတိယနေ့အဖြစ် စတင်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အပြန်လှန်ပစ်ခတ်တိုက်ခိုက်မူများ ဖြစ်ပွားကာ ကိုးကန်တပ့်ဖွဲ MNDAA လည်း Drone နှင့်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့သလို စကစဘက်က လည်း တိုက်လေယဉ်ဖြင့် အပြန်အလှန် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံ ပြည်သူလူထုနေအိမ်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ နေအိမ်အဆောက်အဦး အချို့ထိခိုက်ပျက်စီးမှုများ ရှိနေတယ်လို့ ဒေသခံတစ်ဦးက Shan State Channel သတင်းဌာနကို ပြောပြပါတယ်။

Photo Credit. Local
“ဒီကနေ့ မနက်အစောပိုင်းပဲရှိသေးတယ် ကိုးကန့်တပ်ဖွဲ့က Drone နဲ့ ဗုံးအရင်လာကျဲတာ အဲလိုနဲ့ နှစ်ဖက်သေနတ်သံ ကြားရတယ်။ မနက် ၆ နာရီကျော်လောက်မှာတော့ စကစဘက်က လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး လာကျဲတယ်။ ကိုးကန့်ဖက်ကလည်း Drone နဲ့ ဆက်တိုက်ပဲလာကျဲသွားတယ် ၊ ကိုး ကန့်က နမ့်ပေါင်ရွာလည်က နမ့်ပေါင် တံတားနားမှာ ဒရုန်းနဲ့ တစ်ခေါက် ၄ / ၅ စီးတစ်ပြိုင်တည်း လာကျဲ တယ်လို့” ဒေသခံကပြောပါတယ်။


အလားတူ သိန္နီမြို့နယ်အတွင်းက ရဲစခန်း၏ အနောက်ဘက် နဲ့ မြေစာရင်းရုံးမှာလည်း စကစဘက်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး(၃) လုံး ကျဲချကာ ဒေသခံ ပြည်သူနေအိမ်အချို့ထိခိုက်ပျက်စီးပြီး ပြည်သူအချို့မှာလဲ အထိပ်တလန့်ဖြစ်ကာ ထွက်ပြေးနေကြတယ်လို့် သိရှိရပါသည်။


သိန္နီမြိုနဲ့ အနီးနားတစ်ဝိုက်မှာရှိသည့် ပြည်သူလူထုများကို ၂၄ နာရီ အတွင်း မြိုပြင်သို့ ရွေ့ပြောင်းပေးရန် စစ်ကောင်စီဘက်က အသိပေးထားတယ်လို သိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img