Shan State Channel
ဇူလိုင်လ၊ ၉ ရက်၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA )တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် နမ့်ပေါင်က ဒေသခံပြည်သူ (၂၀၀၀) နီးပါး ထွက်ပြေးတိမ်ရှောင်နေရတယ်လို့ သတင်းရင်းမြစ်ဆီက သိရပါသည်။
Photo Credit. Local
ပြီခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့က စပြီး ယနေ့အချိန်ထိ လားရှိုးမြို့နယ် နမ့်ပေါင်မှာ စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူများ မိုင်းပိုင်အုပ်စု၊ နားနန်းအုပ်စု၊ နားစောက်အုပ်စု၊၀မ်စယ်ကျေးရွာအုပ်စုတို့မှာ နီးစပ်ရာဆွေမျိုးများနဲ့ ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးတိမ်ရှောင်နေရကြောင်း သိရပါသည်။
ယအချိန်ထိ ရရှိထားသည့် စစ်ဘေးရှောင်စာရင်းများတွင် မိုင်းပိုင်အုပ်စုက ဘုန်းကြီးကျောင်းနှင့်ကျေးရွာတွင် စစ်ဘေးရှောင်ပြည်သူ (၃၇၀) ယောက်၊နားနန်းအုပ်စုက နားမုံဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် သံယာတော် (၅၅) ပါး၊ တွမ်းနေကျေးရွာတွင် စစ်ဘေးရှောင်ပြည်သူ (၉) ယောက်၊နားမာမိုင်ရွာက ပညာဘုန်းကြီးကျောင်းနှင့်ရွာတွင်းမှာ စစ်ဘေးရှောင်ပြည်သူ (၂၂၉)ယောက်၊ နားစောက်အုပ်စုက နားယဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်ပြည်သူ (၂၄၈) ယောက်၊ နားစောက်ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်ပြည်သူ (၈၂) ယောက်၊ ကုန်းမုံဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်ပြည်သူ (၂၂၁) ယောက်၊ တင်ဟိုင်းကျေးရွာတွင် စစ်ဘေးရှောင်ပြည်သူ (၃၅) ယောက်၊ နားတောင်စမ်းဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်ပြည်သူ (၆၁) ယောက်၊ နားတွတ်ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်ပြည်သူ (၇၀) ယောက်၊ ၀မ်စယ်အုပ်စုက ၀မ်စယ်ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်ပြည်သူ (၄၉၅) ယောက် နှင့် အချို့မှာလည်း နီးစပ်ရာဆွေမျိုးများ နေအိမ်တွေ တိမ်းရှောင်နေရပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့် ဖုန်းလိုင်းတွေပြတ်တောက်မှုကြောင့် အကူအညီမရဘဲ အရေးပေါ် စား၀တ်နေရေး လိုအပ်နေကြောင်း သိရှိရပါသည်။