စစ်ကောင်စီနဲ့ TNLA တို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမူကြောင့် ကျောက်မဲမြို့နယ်က ဒေခံအချို့ မိသားစုလိုက် ထိမှန်သေဆုံး

ဇွန်လ ၃ ရက် ၂၀၂၄


ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြိုနယ်မှာ စစ်ကောင်စီနှင့် တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ နှစ်ဖက်တိုက်ပွဲကြားက လက်နက်ကြီးကျရောက်ပေါက်ကွဲမူကြောင့် ဒေသခံပြည်သူအချို့ မိသားစုလိုက် ထိမှန်သေဆုံးသွားတယ်လို သိရပါတယ်။

Photo Credit. local


ဇွန်လ ၂၉ ရက် နံနက် ၉ နာရီကျော်အချိန်တွင် ကျောက်မဲမြိုနယ် ရပ်ကွက်(၈) အထက-(၁) ကျောင်းရှေ့ရှိ ဒေါ်နန်းခင် ဖုန်းနှင့် နန်းမွေလင်းစံ တို၏ နေအိမ်ပေါ်ကို စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကြောင့် နေအိမ် အ တွင်းရှိ သားအမိနှစ်ယောက်စလုံး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို ဒေသခံတွေက ပြောပါသည်။


“နှစ်ဖက်စလုံး လက်နက်ကြီးက မြိုထဲအိမ်တွေပေါ် ကျရောက် ပေါက်ကွဲလို့ မိသားစုလိုက် သေဆုံးသွားတာ။ ညဆိုရင်ရင်လည်း လေယဉ်နဲ့ ဗုံးလာကျဲတာ ညတိုင်းရှိပါတယ်၊ အိမ်ထဲမှာနေရင်တောင်

လက်နက်ကြီးကကိုယ့် အိမ်ပေါ်ကို ဘယ်ချိန်ကျလာမလဲဆိုတာ ပြောလိုမရပါဘူး။ အခုထိ အပြင်မထွက်နိုင်သေးတာဟာ အများကြီး ရှိသေးတယ်”လို ကျောက်မဲမြို့ ဒေသခံအမျိုးသမီး တစ်ယောက်က ပြောပါတယ်။


ကျောက်မဲမြိုနယ်မှ စစ်ကောင်စီတပ်ရဲ လက်ကျန်တပ်စခန်းဖြစ်တဲ့ စကခ-၁၊ ခမရ-၅၀၁/၅၀၂ တပ်ရင်းတွေကို TNLA တပ်ဖွဲက ဆက်ပြီးထိုးစစ်ဆင်တိုက်ခိုက်နေလို့ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို ကျောက်မဲဒေသခံ တွေက ပြောပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img