ဇူလိုင်လ၊ ၄ ရက် ၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြိုအတွင်း ဓာတ်ဆီလာ၀ယ်သည့် ဒေသခံ အမျိုးသားတစ်ဦးသည် စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် မြို့တွင်းလမ်းပေါ်တစ်နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းရင်းမြစ်ဆီက သိရသည်။
Photo Credit. Owner
မနေ့က နေ့လည် (၃း၃၀) နာရီ ၀န်းကျင် အချိန်တွင် စစ်ကောင်စီတပ်က ကျောက်မဲမြို့ အနောက်ဘက် ကောင်းမူးလွယ် ဆိုင်းတောင်ကနေ (60mm) အမျိုးအစား လက်နက်ကြီးဖြင့် ကျောက်မဲကြီးရပ်ကွက် ပစ်ခတ် လိုက်ရာ လမ်းမပေါ်တည့်တည့် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လမ်းပေါ်သွားနေသည့် ဒေသခံ အမျိုးသား တစ်ဦးကို ထိမှန်ပြီး ပွဲချင်းပြီးသေဆုံး ခဲ့ပါသည်။⠀
သေဆုံးသူ အသက်(၄၁)နှစ်အရွယ် ဒေသခံအမျိုးသား ဦးစိုင်းကျော်လှသည် ခိုယောင်းကျေးရွာက ဒေါ်နန်း ငွေစိန်၏ ခင်ပွန်းဖြစ်ပြီး ၎င်းရုပ်အလောင်းကို ကျောက်မဲမြိုနယ် နမ့်ခုံးရှမ်း ပရဟိတ လူမှု ကူညီရေးအသင်း က သွားရောက် သယ်ဆောင်ပြီး မီးသင်္ဂြိုလ်ပေးလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။