SSCH
Jun-28-2024
ဇွန်လ (၂၇)ရက်နေ့ နံနက်ပိုင်းတွင် တအာင်းတပ် TNLA နှင့် MDY-PDF တို့ပူးပေါင်းပြီး ရှမ်းပြည်နယ်၊ မြောက်ပိုင်း ကျောက်မဲမြို့ကို ဝင်ရောက် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
တအာင်းတပ် TNLA နှင့် ပူးပေါင်းတပ်တို့၏ ကျောပ်မဲမြို့တွင်း တိုက်ခိုက်မှုကို စစ်ကောင်စီဘက်မှ မြေပြင်တိုက်ခိုက်မှု အပြင် လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုဖြင့်ပါ တုန့်ပြန်တိုက်ခိုက်မှု ပြုလုပ်ခဲကြောင်း ဒေသခံတစ်ဦးက Shan state cahnnel သတင်း ဌာနကို ယခုလို ပြောသည်။

Photo Credit. Owner
“ ဟုတ်ပါတယ် မနက်ပိုင်း ကနေ ညနေပိုင်းထိ သူတို့(TNLA+PDF)တွေ မြို့ထဲ ဝင်တိုက်ပါတယ်။စကစလည်း ဗုံးတွေလာကျဲကြတယ်၊ ပြည်သူတွေကြတော့ ဆိုင်တွေအိမ်တွေ ပိတ်ပြီးထွက်ပြေးကြတယ်။ စကစဘက်က လေယာဉ်ဗုံးကြဲလို့ မနေ့ကနေ ဒီနေ့ အထိ သေဆုံးငူစုစုပေါင်း၂၁ ယောက် ရှိသွားပြီ၊ ဒဏ်ရာရတဲ့သူလည်းများပါတယ်” ဟု ဒေသခံတစ်ဉီးက Shan state cahnnel သတင်းဌာနကိုပြောပြပါသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့မှ စစ်ကောင်စီ လက်အောက်ခံ ရဲစခန်း၊ ပြည်သူ့ဆေးရုံ ၊ မီးသတ်ရုံး စသည်တို့ကိုသထိန်းချုပ်နိုင်ခဲ့သော်လည်း စစိကောင်စီ တပ်ဖြစ်တည့် တပ်အမှတ် ၅၀၁ – ၅၀၂ စခန်းတို့ မသိမ်းပိုက်နိုင်ခဲ့ကြောင်းလည်း သိရှိရသည်။

Photo Credit – Owner
နောက်ဆုံးသတင်းအရ TNLA နှင့် PDF ပူးပေါင်းတပ်တို့က ကျောက်မဲမြို့ကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် ကျောက်မဲမြို့ စစ်ကောင်စီ တပ်ရင်းမှူးမှ ပြည်သူလူထုများ တစ်ခြားနေရာ ပြောင်းရွှေ့ကြရန် ညွှန်ကြားပြောဆိုမှု ရှိခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် လက်ရှိအချိန်၌ ရှမ်းပြည်မြောက်ပိုက်း ကျောပ်မဲ ခရိုင်အတွင်းရှိ သီပေါမြို့မှ သီပေါ တံတား နှင့် သီပေါမြို့အရှေ့တောင်ဘက်ရှိ သာသနာ့နယ်မြေ သိမ်တောင်ဘုရားကျောင်းကို TNLA တပ်ဖွဲ့မှ နေရာယူ တပ်စွဲထားပြီး စံဖိတ်ကျေးရွာဘက်ရှိနေသည့် စစ်ကောက်စီတပ်မှလည်း အမြှာက်ကြီးဖြင့် ပစ်ခတ်နေကြောင့်လည်း ဒေသခံတစ်ဦးက Shan state cahnnel သတင်းဌာနကို ပြောပါသည်။
#လေယဉ်ဗုံးကျဲ

