ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြိုနယ်နှင့် မိုးမိတ်မြိုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေငြာ

Photo: Credit

ဖေဖော်ဝါရီလ ၂၉ ရက်၊ ၂၀၂၄

ရှမ်းပြည်မြောက်ပိုင်း မဘိမ်းမြိုနယ်နှင့် မိုးမိတ်မြိုနယ်ကို စစ်အုပ်ချုပ်ရေး(Martial Law)အဖြစ် သတ် မှတ်လိုက်ကြောင်း ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ညတွင် ထုတ်ပြန်လိုက်သည်။

တရားဉပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် စစ်အုပ်ချုပ်ရေး ကြေငြာလိုက်ရတာဖြစ်ကြောင်း ဆိုသည်။

မဘိမ်းမြိုနှင့် မိုးမိတ်မြိုတွင် ကချင်တပ်မတော် KIA နှင့် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်း ပိုက်ထားခဲ့ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီက မြိုကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး တော်လှန် ရေးအင်အားစုများ မြိုတွင်းမှဆုတ်ခွာပေးလိုက်ရကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိုးမိတ်မြိုတစ်ဝက်လောက် မီးလောင်ဆုံးရှုးခဲ့ရပြီး ဒေသခံအများအပြားလည်း နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img