ဖေဖော်ဝါရီလ ၂၈ ၊ ၂၀၂၄
မွန်ပြည်နယ် ၊ သထုံမြိုနယ် သုဝဏ္ဏဝတီမြိုနှင့် ကမာစိုင်ကျေးရွာကြား မိုးကောင်းဘုရားအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ မိုးကောင်း (ဖရဲသီး တန်းအနီး)တံတား မိုင်းခွဲဖျက်ဆီးခံရပြီး ယာဉ်များ ဖြတ်သန်းလာ၍ မရကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
မိုးကောင်းတံတားသည် ယနေ့ ၂၀၂၄ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၈ ရက် နေ့ နံနက် ၁ နာရီခွဲ ဝန်းကျင်တွင် မိုင်းခွဲ ဖျက်ဆီးခံရကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှုကြောင့် အလျား ၃၇ ပေ ၊ အကျယ် ၄၈ ပေ ခန့်ရှိသည့် တံတား ပြိုကျပျက်စီးပြီး တံတားအနီးရှိ ဖရဲသီးရောင်းသည့် စျေးဆိုင်တချို ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း လူထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိဟု သိရသည်။
လက်ရှိတွင် တံတားပြိုကျ ပျက်စီးခြင်းကြောင့် ကားလေးသာ ရွာထဲ ပတ်သွားလာလိုရပြီး ကားကြီးဖြတ်သန်းသွားလာရန် မရသေးကြောင်းလည်း ဒေသခံများထံမှ သိရသည်။