ဟိုပုံးမြိုနယ် တိုက်ပွဲမှာ စစ်ကောင်စီဘက် ဗိုလ်မှူးအဆင့် ၂ ဦးအပါအဝင် ၁၆ ဦးသေဆုံး

Photo: Credit

ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၄

ရှမ်းပြည်နယ်။ တောင်ပိုင်း ဟိုပုံးမြိုနယ်တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) တို တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်မှ ဗိုလ်မှူးအဆင့်ရှိသူ ၂ ဦးအပါအဝင် ၁၆ ဦး သေဆုံးခဲ့ကြောင်း PNLA ဘက်မှ ထုတ်ပြန်ထားသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်စွဲဖြင့် ဟိုပုံးမြိုနယ် အရှေ့ဘက်ခြမ်းတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ခြင်းကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရကြောင်း PNLA က ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲသည် ဖေဖော်ဝါရီလ ၂၅ ရက် နံနက်ပိုင်းမှ စတင်ကာ ညနေ ၃ နာရီမိနစ် ၄၀ အထိ နှစ်ဘက်ကြား တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်းလည်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် PNLA စစ်ကြောင်းမှ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများကို ရှင်းလင်းမှု ပြုလုပ်ရာ စစ်ကောင်စီတပ်ဖွဲ မှ ဗိုလ်မှူးအဆင့်ရှိသူ ၂ ဦးအပါအဝင် တပ်သား ၁၆ ဦး သေဆုံးခဲ့ရပြီး လက်နက်ခဲယမ်း များကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

သိမ်းဆည်းရမိခဲ့သည့် လက်နက်များ – MA လက်နက်ငယ် ၁၅ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ ပစ္စတို ၁ လက်နှင့် လက်နက်ခဲယမ်းများပါဝင်ကြောင်း သိရသည်။

ထိုအပြင် စစ်ကောင်စီတပ်သည်ထမ်းစဆန်းဂူ ဘုရား၌ နေရာယူတပ်စွဲထားပြီး မဲမယ်တောင်ဒေသဘက်နှင့် လွယ်ဝိုးတုတ် ကျေးရွာဘက်ကို လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်သည့်အတွက် ကျေးရွာအတွင်း အရပ်သားနေအိမ် ၈ လုံးလည်း မီးလောင်ပျက်စီးခဲ့ရကြောင်းလည်း သိရသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img