ဟိုပုံးမြိုနယ်တွင် စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ် PNO တပ်သားအလောင်း ၅ နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Photo: Credit

ဖေဖော်ဝါရီလ ၂၁ ၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဟိုပုံးမြိုနယ်တွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် PNO တပ်များ နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) တို တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီနှင့် ပြည်သူ့စစ် (၅) ဦး သေဆုံးပြီး လက်နက်လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း PNLA က ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ဟိုပုံးမြိုနယ် တစ်နေရာတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA နှင့် စစ်ကောင်စီ တပ်ပူးပေါင်း PNO တို နံနက် ၁၁နာရီခန့်မှ ညနေ ၅နာရီခန့် အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ပူးပေါင်း တို ပြန်လည်ဆုတ်ခွာသွားပြီးနောက် PNLA က နယ်မြေရှင်းလင်းရာ စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ် PNO အလောင်း ၅ လောင်းကို တွေ့ရှိရပြီး ခဲယမ်း ကျည်ဆံများ အပါအဝင် သေနတ် ၄လက် သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

အလားတူ အဆိုပါ နေ့၌ စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်များက မဲနယ်တောင်ဒေသကို လက်နက်ကြီးဖြင့် (၇၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျောက္ကဆျာႏကျေးရွာမှ နေအိမ် ၁ လုံး လုံးဝပျက်စီးပြီး အခြားနေအိမ် ၁၀ လုံးခန့်လည်း ထိခိုက်မှု ရှိခဲ့သည်ဟု သိရသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) တပ်ဖွဲဝင်များ မရှိသော်လည်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်များသည် ဟိုပုံးမြိုဘက်မှနေပြီး ထမ်းဆန်းဂူဒေသအနီးတဝိုက်ကိုလည်း လက်နက်ကြီးများဖြင့် တမင်သက်သက် အကြိမ်ကြိမ် ပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲဝင်များ အနေဖြင့် နီးစပ်ရာ PNLA တပ်ဖွဲထံ ဆက်သွယ်ပြီး လက်နက်နှင့်တကွ အမျိုးသားလွတ်မြောက်ရေး လမ်းကြောင်းပေါ်သို ကူးပြောင်းလာပါက ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မည်ဟုလည်း PNLA က ထုတ်ပြန်ထားသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img