ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ဟိုပုံးမြို အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီ ပြည်သူ့စစ်ပူးပေါင်း တပ်ဖွဲနှင့် ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တို တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီပူးပေါင်းတပ်ဖွဲဘက်က ၄ ဦးကျဆုံးပြီး ကားတစ်စီးနှင့် လက်နက်ခဲယမ်း များသိမ်းဆည်းရရှိခဲ့ကြောင်း PNLA က ထုတ်ပြန်ထားသည်။
ဟိုပုံးမြိုနယ် အရှေ့ဘက်ခြမ်း ပအိုဝ့်ဒေသလုံခြုံရေးဆိုင်ရာ လှုပ်ရှားနေသည့် PNLA စစ်ကြောင်းကို စစ်ကောင်စီပူးပေါင်းတပ်ဖွဲက စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် PNLA က နယ်မြေရှင်းလင်းစဉ်တွင် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ အလောင်း၄လောင်း ကျန်ရစ်ခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ပါရှိသည်။
တိုက်ပွဲအတွင်း လက်နက်ငယ် ၄ လက်၊ ၆၀ မမ လက်နက်ကြီး တစ်လက်၊ ကားတစ်စီးနှင့် ဆက်စပ်ပစ္စည်း များ သိမ်းဆည်းရရှိခဲ့ကြောင်း PNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီက ဆီဆိုင်မြိုနယ် ၊ ဟိုပုံးမြိုနယ်အတွင်းက ဘုရားစေတီပုထိုးများတည်ရှိရာ မဲနယ်တောင်ဒေ သ နှင့် ထမ်းဆန်းဂူဒေသကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေကြောင်း သိရသည်။