ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၄
တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားသည့် အဓိက ကျားဖြန့် ငွေလိမ်ဂိုဏ်းခေါင်းဆောင် ၆ ဦး အပါအဝင် စုစုပေါင်း ၁၀ ဦးကို စစ်ကောင်စီက နေပြည်တော်တွင် ဇန်နဝါရီလ ၃၀ ရက်နေ့ ည ၇ နာရီ ဝန်းကျင်၌ တရုတ်နိုင်ငံထံ လွှအပ်ပေးခဲ့ကြောင်း သိရသည်။
ခေါင်းဆောင် ၆ ဦးမှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဉက္ကဌဟောင်း ဦးပယ်ဆောက်ချိန် နှင့် သူ့သား ပယ်ရင်ချန်၊ အမှတ် (၁၀၀၆) နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ၏ ဉက္ကဌ ဦးဝေဆန်း၊ ကိုးကန့်ဒေသ၏ အချမ်းသာဆုံး ဖူလီလိုက်သူဌေး ဦးလျိုအားပေါက် တို ပါဝင်ကြောင်း သိရသည်။
တရုတ်နိုင်ငံက အလိုရှိသည့် ဂိုဏ်းခေါင်းဆောင် ဦးဆောင်သူအားလုံးနီးပါးကို တရုတ်လက်ထဲရောက်ရှိ သွားကာ မြီရှောက်ချန်ကတော့ ပြီးခဲ့သည့် နိုဝင်ဘာလက ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့ခြင်းဖြစ်သည်။
တရုတ်ထောက်လှမ်းရေးနှင့် တရုတ်နိုင်ငံသား ထိခိုက်သေဆုံးစေခဲ့သည့် ကျားခြံဟိုတယ်ဝန်းအနီးက ပစ် ခတ်မှုတွင် ပါဝင်ပတ်သက်ထားသူ ၄ ဦးနှင့် ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ၆ ဦး စုစုပေါင်း ၁၀ ဦး ကို တရုတ် ထံ အပ်နှံလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။