ဖေဖော်ဝါရီလ ၂၇ ၊ ၂၀၂၄
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိးမြိုအတွင်းတွင် အာဏာသိမ်း စစ်ကောင်စီမှ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို မိမိအနေထိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးထံ စာရင်းသွင်းစေပြီး စစ်ဆေးမှု ပိုမို တင်းကြပ်လာကြောင်း သိရသည်။
ယခုရက်ပိုင်းတွင် ရက်ကွက်အလိုက် တာဝန်ရှိသူများမှ တစ်ဆင့် မိမိတို သက်ဆိုင်ရာ နယ်မြေအတွင်းရှိ ကား/ဆိုင်ကယ် စာရင်းများကို လိုက်လံကောက်ယူ နေကြောင်းလည်း သိရသည်။
လားရှိးမြိုအတွင်းရှိ လိုင်စင်မဲ့ ကား နှင့် ဆိုင်ကယ်များကို မိမိတိုနေထိုင်ရာ/ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွင် အမည် (အဖအမည်) ၊ မှတ်ပုံတင် ၊ နေရပ်လိပ်စာ ၊ ဖုန်းနံပါတ် ၊ ယာဉ်အမျိုးအစားနှင့် အရောင် ၊ မော်ဒယ် ၊ တပ်ဆင်ထားသော ယာဉ်နံပါတ် တိုအား စာရင်းပေးရမည်ဟု သိရသည်။
ယင်းကဲ့သို ညွှန်ကြားချက်များ အတိုင်း စာရင်းပေးထားခြင်း မရှိသည့် လိုင်စင်မဲ့ ကား/ဆိုင်ကယ်များကို အာဏာသိမ်း စစ်ကောင်စီမှ ရှောင်တခင် စစ်ဆေးမှုပြုလုပ်ချိန် စစ်ဆေးတွေ့ ရှိပါက သိမ်းဆည်းမည်ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။
စစ်ကောင်စီသည် လားရှိးမြိုရှိ အဓိကနေရာများဖြစ်သော ခိုင်ရွှေဝါလမ်း (၅) လမ်းနှင့် (၆) လမ်းကြား ၊ ရပ်ကွက် (၇)ရုံးရှေ့ ၊လေယာဉ်ကွင်းဘက် ၊ လားရှိးကြီးဘက် နှင့် မထင်မှတ်ထားသည့် နေရာများတွင် စစ်ဆေးခြင်းများရှိပြီး လူငယ်များကို ပိုစစ်ဆေးသည်ဟု သိရသည်။