ရှမ်းမြောက်ရှိ မြိုနယ်များတွေမှာ ပြည်သူ့စစ် အကာအကွယ်ဖြင့် လောင်းကစားဝိုင်းဖွင့်လှစ်နေ

Photo: Credit

ဖေဖော်ဝါရီလ ၁၆၊ ၂၀၂၄

ရှမ်းပြည်မြောက်ပိုင်း ဒေသအတွင်းရှိ မြိုနယ်များ၌ ပြည်သူ့စစ် တပ်ဖွဲ၏ အကာအကွယ်ဖြင့် လောင်းကစားဝိုင်း ဖွင့်လှစ် ဆော့ကစားမှု ရှိနေကြောင်း သိရသည်။

ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြိုနယ် နှင့် လားရှိးခရိုင်အတွင်း မြိုနယ်များဖြစ်ကြသည့် သိန္နီမြိုနယ်၊ တန့်ယန်းမြိုနယ်တို၌ ပြည်သူ့စစ်တပ်ဖွဲ အကာအကွယ်ပေးမှုဖြင့် လောင်းကစားဝိုင်း ဖွင့်လှစ်ဆော့ကစားနေကြကြောင်း သိရသည်။

သိန္နီမြိုနယ် အတွင်း လောင်းကစားဝိုင်းဖွင့်လှစ်နေခြင်း နှင့် ပတ်သက်ပြီး ဒေသခံ တစ်ဦးက “ရပ်ကွက် (၂) ဘုန်းကြီးကျောင်းအနီးမှာ ဖွင့်ပြီး ဆော့ကစားနေကြတာပါ။ ဒိုင်တွေက ဘယ်သူလဲတော့ မသိရဘူး။ ဖွင့်ပြီး ဆော့နေကြတာ ၁၀ ရက်ကျော်နေပြီ” ဟု ပြောသည်။

အဆိုပါ သိန္နီမြိုနယ်အတွင်း လောင်းကစားဝိုင်းဖွင့်လှစ်မှုကို မိုင်းလီပြည်သူ့စစ်တပ်ဖွဲက ခွင့်ပြုထားကြောင်း နှင့် တရုတ်နှစ်သစ်ကူးပွဲတော်အချိန်က ရေပူစမ်းအနီးမှာလည်း ဖွင့်လှစ်ဆော့ကစားမှု ရှိခဲ့ကြောင်း အထက်ပါ ဒေသခံက ဆက်ပြောသည်။

အလားတူပင် တန့်ယန်းမြိုနယ်အတွင်းမှာလည်း တရုတ်နှစ်သစ်ကူးပွဲတော်ကို အကြောင်းပြကာ မန်ပန်ပြည်သူ့စစ် အကာအကွယ်ဖြင့် တန့်ယန်းမြို၊ ရပ်ကွက် (၆) အတွင်း၌ လောင်းကစားဝိုင်းဖွင့်လှစ်ဆော့ကစားမှု ရှိနေကြောင်း ဒေသခံများ သတင်းပေးပိုချက် အရ သိရသည်။

“ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ လောင်းကစားဝိုင်းတွေကို ဖွင့်နေကြတာပဲ။ ကျနော်တို မြိုမှ မဟုတ်ဘူး။ တခြားမြိုတွေမှာလည်း အဲ့လိုတွေ ဖွင့်နေကြတယ်လို သတင်းတွေ ဖတ်ရတယ်။ ဒါတွေကို အစိုးရက ဘာမှမလုပ်ပေးနိုင်ရင်လည်း လက်နက်ကိုင်တပ်ဖွဲတွေ တားဆီးပိတ်ပင်ပေးစေချင်ပါတယ်” ဟုလည်း တန့်ယန်းမြို ဒေသခံ တစ်ဦးကပြောသည်။

ရှမ်းပြည် မြောက်ပိုင်းအတွင်း သွားလာလှုပ်ရှားသည့် လက်နက်ကိုင်တပ်ဖွဲများ အနေဖြင့် စစ်ကောင်စီ နှင့် ၎င်းတို၏ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲများ အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ် ဖွဲများဖြစ်ကြသည့် ရှမ်းတပ် (SSPP/SSA) ၊ တအာင်းတပ် (TNLA) ၊ ကချင်တပ် ((KIA) ၊ ကိုးကန့်တပ် (MNDAA) နှင့် PDF ပူးပေါင်းတပ်တိုကလည်း သွားလာလှုပ်ရှားနေကြသည်။

ရှမ်းတပ် (SSPP/SSA) အနေဖြင့် ၎င်းတို ထိန်းချုပ်နယ်မြေအတွင်း လောင်းကစားဝိုင်းဖွင့်လှစ်ခြင်းကို ပိတ်ပင်တားမြစ်ကြောင်း နှင့် ချိုးဖောက်မှု ရှိပါက အရေးယူ ခံမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။ရှမ်းမြောက်ရှိ မြိုနယ်များတွေမှာ ပြည်သူ့စစ် အကာအကွယ်ဖြင့် လောင်းကစားဝိုင်းဖွင့်လှစ်နေ

ဖေဖော်ဝါရီလ ၁၅၊ ၂၀၂၄

ရှမ်းပြည်မြောက်ပိုင်း ဒေသအတွင်းရှိ မြိုနယ်များ၌ ပြည်သူ့စစ် တပ်ဖွဲ၏ အကာအကွယ်ဖြင့် လောင်းကစားဝိုင်း ဖွင့်လှစ် ဆော့ကစားမှု ရှိနေကြောင်း သိရသည်။

ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြိုနယ် နှင့် လားရှိးခရိုင်အတွင်း မြိုနယ်များဖြစ်ကြသည့် သိန္နီမြိုနယ်၊ တန့်ယန်းမြိုနယ်တို၌ ပြည်သူ့စစ်တပ်ဖွဲ အကာအကွယ်ပေးမှုဖြင့် လောင်းကစားဝိုင်း ဖွင့်လှစ်ဆော့ကစားနေကြကြောင်း သိရသည်။

သိန္နီမြိုနယ် အတွင်း လောင်းကစားဝိုင်းဖွင့်လှစ်နေခြင်း နှင့် ပတ်သက်ပြီး ဒေသခံ တစ်ဦးက “ရပ်ကွက် (၂) ဘုန်းကြီးကျောင်းအနီးမှာ ဖွင့်ပြီး ဆော့ကစားနေကြတာပါ။ ဒိုင်တွေက ဘယ်သူလဲတော့ မသိရဘူး။ ဖွင့်ပြီး ဆော့နေကြတာ ၁၀ ရက်ကျော်နေပြီ” ဟု ပြောသည်။

အဆိုပါ သိန္နီမြိုနယ်အတွင်း လောင်းကစားဝိုင်းဖွင့်လှစ်မှုကို မိုင်းလီပြည်သူ့စစ်တပ်ဖွဲက ခွင့်ပြုထားကြောင်း နှင့် တရုတ်နှစ်သစ်ကူးပွဲတော်အချိန်က ရေပူစမ်းအနီးမှာလည်း ဖွင့်လှစ်ဆော့ကစားမှု ရှိခဲ့ကြောင်း အထက်ပါ ဒေသခံက ဆက်ပြောသည်။

အလားတူပင် တန့်ယန်းမြိုနယ်အတွင်းမှာလည်း တရုတ်နှစ်သစ်ကူးပွဲတော်ကို အကြောင်းပြကာ မန်ပန်ပြည်သူ့စစ် အကာအကွယ်ဖြင့် တန့်ယန်းမြို၊ ရပ်ကွက် (၆) အတွင်း၌ လောင်းကစားဝိုင်းဖွင့်လှစ်ဆော့ကစားမှု ရှိနေကြောင်း ဒေသခံများ သတင်းပေးပိုချက် အရ သိရသည်။

“ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ လောင်းကစားဝိုင်းတွေကို ဖွင့်နေကြတာပဲ။ ကျနော်တို မြိုမှ မဟုတ်ဘူး။ တခြားမြိုတွေမှာလည်း အဲ့လိုတွေ ဖွင့်နေကြတယ်လို သတင်းတွေ ဖတ်ရတယ်။ ဒါတွေကို အစိုးရက ဘာမှမလုပ်ပေးနိုင်ရင်လည်း လက်နက်ကိုင်တပ်ဖွဲတွေ တားဆီးပိတ်ပင်ပေးစေချင်ပါတယ်” ဟုလည်း တန့်ယန်းမြို ဒေသခံ တစ်ဦးကပြောသည်။

ရှမ်းပြည် မြောက်ပိုင်းအတွင်း သွားလာလှုပ်ရှားသည့် လက်နက်ကိုင်တပ်ဖွဲများ အနေဖြင့် စစ်ကောင်စီ နှင့် ၎င်းတို၏ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲများ အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ် ဖွဲများဖြစ်ကြသည့် ရှမ်းတပ် (SSPP/SSA) ၊ တအာင်းတပ် (TNLA) ၊ ကချင်တပ် ((KIA) ၊ ကိုးကန့်တပ် (MNDAA) နှင့် PDF ပူးပေါင်းတပ်တိုကလည်း သွားလာလှုပ်ရှားနေကြသည်။

ရှမ်းတပ် (SSPP/SSA) အနေဖြင့် ၎င်းတို ထိန်းချုပ်နယ်မြေအတွင်း လောင်းကစားဝိုင်းဖွင့်လှစ်ခြင်းကို ပိတ်ပင်တားမြစ်ကြောင်း နှင့် ချိုးဖောက်မှု ရှိပါက အရေးယူ ခံမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img