ရမ်းဗြဲကို စစ်ကူလာသည့် စစ်ကောင်စီ AA တိုက်ခိုက်မှုခံရပြီး စစ်သား ၆၀ ကျော် သေဆုံး

Photo: Credit

ဖေဖော်ဝါရီလ ၂၆ ၊ ၂၀၂၄

ရခိုင်ပြည်နယ် ၊ ရမ်းဗြဲမြိုသို ရဟတ်ယာဉ်ဖြင့် စစ်ကူရောက်လာသည့် လူအင်အား (၁၂၀)ဝန်းကျင် ရှိသည့် စစ်ကောင်စီ စစ်ကြောင်းကို AA မှ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆၀ ကျော်သေဆုံးသွားကြောင်း သိရသည်။
ယင်းကဲ့သို စစ်ကောင်စီ တပ်သား (၆၀) ကျော် သေဆုံးရသည့် အပြင် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိကြောင်းလည်း AA က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီ အတွက် စစ်ကူလာသည့် စစ်ကြောင်းများသည် အနောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ၊ ဧရာဝတီတိုင်း ၊ ကျုံပျော်မြို အခြေစိုက် ခလရ (၃၆)တပ်ရင်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမ်းမြို အခြေစိုက် ခမရ (၃၇၃) တပ်ရင်းတိုဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရဟတ်ယာဉ် (၄) စီးဖြင့် စစ်ကူအင်အားများများကို (၇)ကြိမ်တိုင် နှင့် စုစုပေါင်းအင်အား (၁၂၀) ဝန်းကျင် ပါရှိ သည့် စစ်ကြောင်းကို AA မှ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၆၀) ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိကြောင်း ထုတ်ပြန်ထားသည်။

ကျန်ရှိသည့် စစ်ကောင်စီတပ်ဖွဲဝင်များကို ဆက်လက်တိုက်ခိုက် လျက်ရှိကြောင်းလည်း သိရသည်။

ရမ်းဗြဲမြိုတွင် စစ်ကောင်စီ၏ လေကြောင်းမှ နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် လူနေအိမ် ၊ စာသင်ကျောင်း ၊ ဆေးရုံ ၊ ဘုန်းကြီးကျောင်း ၊ အဆောက်အအုံများ အားလုံးနီးပါး ပျက်စီးခဲ့ရသည်ဟု သိရသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img