ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၂၄
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်းစစ်ဌာနချုပ်ထံ ၁၂ နာရီ အတွင်း တပ်သားသစ်လျောက်ထားသူထောင်ချီရှိသွားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဌာနက ထုတ်ပြန် ထားသည်။
အသက် ၁၈ နှစ်ပြည့်ပြီး ကျန်းမာရေးအထူးကောင်းမွန်သူစသည့် အချက် ၇ ချက်ပါသည့် တပ်သားသစ် ခေါ် ယူမှုကို နာရီပိုင်းအတွင်းလျောက်ထားသူထောင်ချီရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။
လျောက်လွှာများကို စိစစ်ပြီး တပ်သားသစ်ခေါ်ယူနိုင်ရန် စီစဉ်နေသည့် အချိန်အတွင်း လျောက်ထားသူ များအနေဖြင့် ကြိုတင်ပြင်ဆင်ထားရမည့်အချက်တွေကိုလည်း ဆက်လက်ထုတ်ပြန်သွားမည်ဖြစ် ကြောင်း သိရသည်။