ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၄
ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးအခြေစိုက် စစ်ကောင်စီခြေမြန်တပ် ခမရ(၃၇၇)နှင့် (၃၇၈) တိုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် သိမ်းဆည်းရမိသည့် စစ်ကောင်စီလက်နက်အများအပြားကို ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ ရက္ခိုင်တပ်မတော် AA က ထုတ်ဖော်ပြသ ထားသည်။
ရက္ခိုင်တပ်မတော် AA က တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် စစ်ကောင်စီလက်နက်များကို မကြာခဏ ထုတ်ပြလေ့ရှိသည်။
ရခိုင်ပြည်မြောက်ပိုင်းတွင် တိုက်ပွဲများဆက်လက်ပြင်းထန်ပြီး စစ်ကောင်စီဘက်ကလည်း တစ်တပ်ပြီး တစ်တပ်နောက်ဆုတ်ပေးနေရကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲထွက်ပြေးသည့် စစ်ကောင်စီတပ်သားများလည်း ရှိသည်။