မောင်တော ၊ ပဲရွန်းတောင်ရှိ စစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်

Photo: Credit

ဖေဖော်ဝါရီလ ၂၀ ၊၂၀၂၄

ရခိုင်ပြည်နယ် ၊ မောင်တောမြိုနယ် ပဲရွန်းတောင် (ပဲရမ်းတောင်) ရှိ စစ်ကောင်စီတပ် စခန်းကို ရက္ခိုင့်တပ်တော် AA မှ တိုက်ခိုက်သိမ်းပိုက်ပြီး ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက် ညပိုင်းတွင် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင် ပစ္စည်းများကို ပုံနှင့်တကွ သတင်းထုတ်ပြန်ထားသည်။

ပဲရွန်းတောင်ရှိ စစ်ကောင်စီတပ် စခန်းကို ရက္ခိုင့်တပ်တော် AA က ၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နံနက် (၇) နာရီ ဝန်းကျင်မှစတင်၍ ထိုးစစ်ဆင် တိုင်ခိုက်ခဲ့ရာ (၉) နာရီ အကြာ ယင်းနေ့ ညနေ (၄) နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီဘက် ကျဆုံး တပ်သား (၁၀) ကျော် ရုပ်အလောင်း နှင့် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း AA ဘက်မှ ထုတ်ပြန်ထားသည်။

ထိုအပြင် အဆိုပါ တိုက်ပွဲကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို နယ်များအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု၊ လေကြောင်းဖြင့် တိုက်ခိုက်မှု တိုကြောင့် အရပ်သားများ ထိခိုက် ဒဏ်ရာရခြင်း၊ ကျေးရွာ နှင့် မြို အတွင်းရှိ လူနေအိမ်များမှာ လက်နက်ကြီးထိမှန်၍ မီးလောင်ခြင်း ပျက်စီးခြင်းများ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

ရက္ခိုင့်တပ်တော် AA က လက်နက်ချအညံ့မခံသော စစ်ကောင်စီ၏ တပ်စခန်းများကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟုလည်း သိရသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img