ဖေဖော်ဝါရီလ ၂၁၊ ၂၀၂၄
ရှမ်းပြည်၊ လွိုင်လင်ခရိုင်၊ မိုင်းပွန်မြို့ အနီး၌ အာဏာသိမ်းစစ်ကောင်စီတပ် ပူးပေါင်း တပ် ပြည်သူ့စစ် နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) တို့က တိုက်ပွဲဖြစ်ပွားပြီး ကားလမ်းလည်း ပိတ်နေကြောင်း သိရသည်။ ၏
ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီ ဝန်းကျင်တွင် မိုင်းပွန်မြို့ တောင်ဘက် နမ့်မော်ခမ်း ကျေးရွာအနီး၌ တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်ပြီး အရပ်သား အိမ် ထိခိုက်ပျက်စီစးသည့်အပြင် ကားလမ်းမလည်း ပိတ်ထားရကြောင်း သိရသည်။
“ပစ်ခတ်သံတွေက တစ်နေကုန် နီးပါး ကြားရတယ်၊ လမ်းမပေါ်မှာလည်း စစ်ကောင်စီ နဲ့ PNA စစ်သားတွေ တားပြီး ဖြတ်သန်းခွင့်မပေးဘူး။ ပြီးတော့ သူတို့ကပဲ အရပ်သားတွေ၊ ကားတွေ ရှိတဲ့ဘက်ကို လက်နက်ကြီး ငယ် နဲ့ ရမ်းပစ်တယ်” ဟု မြေပြင် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အဆိုပါ တိုက်ပွဲကြောင့် အရပ်သား နေအိမ် ထိခိုက်ပျက်စီးမှုများ ရှိနေကြောင်းလည်း သိရသည်။
ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နမ်းမော်ခမ်းကျေးရွာ ဒေသခံများ နီးစပ်ရာဒေသနှင့် တောတောင်ထဲကို ရွာလုံးကျွတ်နီးပါးထွက်ပြေးနေရကြောင်းလည်း သိရသည်။
ဟိုပုံးမြို့နယ်အတွင်းကို ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှစပြီးတော့ စစ်ကောင်စီက လေကြောင်းလိုင်းနဲ့ စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLAနှင့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်တို့တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း သိရသည်။
Credit-photo