ဖေဖော်ဝါရီလ ၁၄ ရက်၊ ၂၀၂၄
မန္တလေးတိုင်းအတွင်းရှိ မြိုနယ် ၅ မြိုနယ်ရှိ တပ်မတော်ထောက်ခံသူများက ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီရဲ့ စစ်မှုထမ်းဉပဒေကို ကြိုဆိုထောက်ခံ ပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မန္တလေးတိုင်းအတွင်းက မန္တလေးမြိုအပါအဝင် ပြင်ဦးလွင်မြို၊ ကျောက်ဆည်မြို၊ မိတ္ထီလာမြို တိုပါဝင်ပြီး မြိုတစ်မြိုတွင် တပ်မိသားစုများ၊ ကြံ့ခိုင်ရေးပါတီဝင်များ လူဦးရေ ရာဂဏန်းဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထောက်ခံပွဲတွင် စစ်ကောင်စီရဲ့ ကြည်းတပ် အလံများ၊ မြန်မာနိုင်ငံအလံ ကိုင်ဆောင်ပြီး “ပြည်သူ့စစ် မှုထမ်း ဉပဒေကို အပြည့်အဝကြိုဆိုထောက်ခံပါသည်” ၊ နိုင်ငံတော်ကို ကာကွယ်ဖို တစ်မျိုးသားလုံး စစ်မှု ထမ်းဆောင်ကြပါစို” စသည့် စာသားပါ ပိုစတာများ ကိုင်ဆောင်ထောက်ခံနေကြကြောင်း သိရသည်။
အဆိုပါထောက်ခံပွဲသို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကိုလည်း ခြိမ်းခြောက်ကာ လိုက်ပါခိုင်းနေသည့် သတင်းများလည်း ထွက်ပေါ်နေသည်။
အရင် နအဖ အစိုးရခေတ်ကတည်းက ၂၀၁၀ခုနှစ်တွင် ပြဌာန်းထားသည့် စစ်ကောင်စီ ပြည်သူ့စစ် မှုထမ်းဉပဒေကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြန်လည်အသက်သွင်းခဲ့တာဖြစ်ပြီး အလျင်အ မြန်အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် ယခုလို ထောက်ခံပွဲများပြုလုပ်နေတာဖြစ်ကြောင်း သိရှိရသည်။