မင်းပြားတွင် စစ်ကောင်စီ၏ စစ်သင်္ဘော နောက်တစ်စီးကို ရက္ခိုင့်တပ်တော် AAကထပ်မံ တိုက်ခိုက် သိမ်းပိုက်

Photo: Credit

ဖေဖော်ဝါရီလ ၁၄ ရက် ၊ ၂၀၂၄

ရခိုင်ပြည်နယ် မင်းပြား မြိုနယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်သင်္ဘော နောက်တစ်စီးကို ရက္ခိုင့်တပ်တော် AA မှ ထပ်မံတိုက်ခိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ယမန်နေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့က ရခိုင်ပြည်နယ် မြင်းပြားမြိုနယ် ၊ သက်ပုန်းရွာအနီး၌ စစ်ကောင်စီတပ်၏ ရေကြောင်း ဖြစ်တဲ့ စစ်သင်္ဘော နောက်တစ်စီးကို ရက္ခိုင့်တပ်တော် AA ကထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်နေ့များက ကျောက်တော်မြိုနယ် ၊ အပေါက်ဝကျေးရွာ အနီး အာဏာသိမ်းစစ်ကောင်စီ၏ စစ်သင်္ဘော ၂ စီးနှင့် ဇက်သင်္ဘော ၁ စီး တိုကို ရက္ခိုင့်တပ်တော် AA မှ တိုက်ခိုက် ဖျက်စီး ခဲ့ပြီး အလားတူ ဖေဖော်ဝါရီလ ၁၂ ရက် ကလည်း မင်းပြားမြိုနယ် ၊ပုလဲပေါက် ကျေးရွာအနီး စစ်ကောင်စီ၏ စစ်သင်္ဘော ၁ စီးအား ရက္ခိုင့်တပ်တော်က ထပ်မံ တိုက်ခိုက် ဖျက်စီးနိုင်ခဲ့သည် ဟု ဖော်ပြထားသည်။

၎င်းစစ်သင်္ဘောများသည် မြစ်ကြောင်းနှင့်နီးသော ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ကြောင့် အပြစ်မဲ့ပြည်သူနေအိမ်များစွာပျက်စီးရှုးဆုံးမှုများ ရှိခဲ့ပြီး ရခိုင်ပြည်သူများ ရာနှင့်ချီ သေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img