နောင်ချိုမှာ စစ်ကောင်စီ တစ်ဖက်သတ်လက်နက်ကြီးပစ်၊ အရပ်သားနဲ့ နေအိမ်ထိခိုက်မှုရှိ

Photo: Credit

ဖေဖော်ဝါရီလ ၂၄၊ ၂၀၂၄

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နောင်ချိုမြိုနယ် အတွင်း စစ်ကောင်စီမှ တစ်ဖက်သတ် လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် အရပ်သား နှင့် လူနေအိမ် ထိခိုက်မှု ရှိနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ည နောင်ချိုမြိုနယ်၊ ညောင်ကုန်းကျေးရွာအနီး တပ်စွဲနေရာယူထားသည့် စစ်ကောင်စီတပ်သည် သုံးဆယ်ကျေးရွာဘက်သို လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ရာ အရပ်သား ၁ ဦး ထိခိုက်သေဆုံးသည့်အပြင် နေအိမ် တစ်လုံးလည်း ပျက်စီးသွားကြောင်း သိရသည်။

“သေဆုံးသွားတဲ့သူက အသက် ၆၀ ကျော် ၇၀ ဝန်းကျင် အမျိုးသား တစ်ဦးဖြစ်တယ်။ လက်နက်ကြီးစ ထိမှန်သွားတာ။ ပြီးတော့ အိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးသွားတယ်။ သုံးဆယ်ရွာထဲကို လက်နက်ကြီး ကျတာ ၃/၄ လုံးလောက်ရှိတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။

နောင်ချိုမြို အခြေစိုက် အမြောက်တပ်အပြင် အုမ္မသီးနှင့် ရွှေညောင်ပင်ကျေးရွာအနီး စခန်းချတပ်စွဲထားသည့် စစ်ကောင်စီတပ် “၁၀၂၇ စစ်ဆင်ရေး”စတင်ကတည်းက လက်ရှိအချိန်ထိ နေ့စဉ်နီးပါး လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေသည်မှာ ၄ လနီးပါး ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို နောင်ချိုမြိုနယ် သုံးဆယ်ကျေးရွာ အနီးတဝိုက်သို စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် နေအိမ်ပျက်စီးမှုနှင့် အရပ်သား ထိခိုက်ဒဏ်ရာရမှုများ ရှိနေပြီး ဒေသခံအများစုက ပြင်ဦးလွင်၊ မန္တလေးနှင့် နီးစပ်ရာ ဆွေမျိုးထံသို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သတင်းသိရသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img