ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၀၂၄
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြိုနယ် ရှမ်းစုကျေးရွာအနောက်ပိုင်းမှ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်ခန့်က ပျောက်ဆုံးခဲ့သည့် အသက် ၃ နှစ်အရွယ် မောင်ဇွဲမာန်သစ် ကို ဒဏ်ရာများစွာဖြင့်ရေထဲ တွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
ပျောက်ဆုံးသွားသည့် မောင်ဇွဲမာန်သစ်သည် ဦးအေးဇော်မြင့် + ဒေါ်နွယ်နွယ်စိုးတို၏ အငယ်ဆုံးသားဖြစ် ပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့ညနေ ၅ နာရီခန့်တွင် မိခင်ဖြစ်သူက အိမ်ပေါ်သို ထမင်းတက်ခူးနေစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကလေးငယ်ကို လိုက်လံရှာဖွေရာ ယနေ့ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ကလေးငယ်ကို နေအိမ်အရှေ့တောင်ထောင့်က ရေသေအိုင်အတွင်း ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးလျက်ပြန်လည်တွေ့ရှိ ခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် “ အိမ်နဲ့နီးတယ်ဆိုပေမယ့် ကားလမ်းမကြီးဖြတ်ပြီးသွားမှ ရောက်နိုင်မှာပါ၊ နောက်တစ် ခုဖြစ်နိုင်တာက ကလေးလမ်းဖြတ်ကူးနေစဉ် ကားသမားက တိုက်မိပြီး အမှုပတ်မှာစိုးလို ကလေးကို ရေကန်ထဲ ပစ်ချတာလားပေါ့၊ အခုတော့ အမှုကို သေချာစစ်ဆေးနေပါတယ်” တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“မချိမဆန့် Dead Body ဒီအရွယ်နဲ့ ဒီဒဏ်ရာ မျှတရဲ့လားကွာ၊ နောက်ဆုံးခရီးဒီနေ့ပဲ စီစဉ်လိုက်ရတော့ တယ် ရှမ်းစုသုသာန်” ဟု ကလေး၏ ဖခင်ဖြစ်သူက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်ကိုလည်း တွေ့ရသည်။
ယင်းကိစ္စဖြစ်စဥ် နှင့် ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာ အသုံးပြုသူများမှ ထင်ကြေး အမျိုးမျိုး ပေးကြသလို သေဆုံးသွားသည့် ကလေးငယ်အတွက် စိတ်မကောင်းကြောင်း နှင့် ဆုတောင်းစကား ရေးသားသူများလည်း အများအပြားရှိနေကြသည်။